Thursday, November 30, 2017
အိုင်းစတိုင်းရေးသားခဲ့သည့် ပျော်ရွှင်ခြင်း အဆိုအမိန့် အားဒေါ်လာ ၁.၇ သန်းဖြင့်ရောင်းချ
ကမ္ဘာကျော် သိပ္ပံ ပညာရှင်ကြီး အိုင်းစတိုင်း ရဲ့  ၁၉ ၂၂ ခုနှစ်အတွင်းက ရေးသားခဲ့တဲ့ ပျော်ရွှင်ခြင်း အဆိုအမိန့်  စာကြောင်း သုံးကြောင်းပါ စာရွက် တရွက်ကို အမေရိကန် ဒေါ်လာ ၁.၇ သန်းနဲ့ ရောင်းခဲ့ကြောင်းသိရပါတယ်။
ဂျာမန်ဘာသာနဲ့ ရေးထားတဲ့ အိုင်းစတိုင်းလက်ရေးမူဟာ ဂျပန်နိုင်ငံ တိုကျို မြို့ က Imperial ဟော်တယ်ကြီးမှာ ၁၉ ၂၂ ခုနှစ်ကရေးသားခဲ့တာလို့ သိရပါတယ်။
ဂျာမန်ဘာသာနဲ့ ရေးသွားတဲ့ သူ့ ရဲ့ အဆိုအမိန့် ကို နိုင်ငံပေါင်းများစွာ ကအဓိပါယ် အမျိုးမျိုးဖွင့်ဆို ဘာသာပြန်ခဲ့ကြပါတယ်။
Ein ruhiges und bescheidenes Leben bringt mehr Glück als das Streben nach Erfolg verbunden mit ständiger Unruhe.""""
"""တိတ်ဆိတ်ငြိမ်သက် စွာ ဖြင့် မှန်ကန်စွာ  စဉ်းစားတွေးခေါ်နေထိုင်ခြင်းသည်  အောင်မြင် မှု  ဆက်တိုက်ရနိုင်ရန်  မနေမနား ရုန်းကန်နေကြသူတွေထက် ငြိမ်ချမ်းပျော်ရွင်ခြင်းဘ၀ကို ရနိုင်၏ """"
နောက်စာတမ်းတို တခုကိုတော့
wo ein Wille ist, ist auch ein Weg"""ဘယ်အရာအခက်အခဲပင်မဆို
 ဖြေရှင်းဘို့   နည်းလမ်းရှိတယ် """
လို့  အဓိပါယ်ရတဲ့ စာဆိုလေးကတော့  ဒေါ်လာ $240,000, နှစ်သိန်းလေးသောင်းဈေးဖြတ် ပေးဝယ်ခဲ့ပါတယ်။
အဲလ်ဘတ် အိုင်းစတိုင်း  (မွေး14 March 1879 – သေဆုံး18 April 1955)
မိဘတွေက  ရဟူဒီ ( ဂျူးလူမျိုး ) နွယ်ဖွား ဖြစ်ကြပြီး လျှပ်စစ်ပစ္စည်း အရောင်းဝယ်လုပ်ငန်း လုပ်ကိုင်ခဲ့ကြတယ် ၊
အိုင်းစတိုင်းဟာ  ငယ်စဉ် ကလေးဘ၀က အလွန်ထုံထိုင်းလေးလံရုံသာမက စကားလည်း နည်းပါတယ်။ အခြားကလေးများလို ဆော့ကစားခြင်း မရှိပဲ တစ်ယောက် တည်း တွေးနေ ငေးနေ တက်သူပါ။
 မူလတန်း စတက်တဲ့အခါမှာလည်း ဥာဏ်ထိုင်းသည်ဟု ဆရာများဧ။် မှတ်ချက်ပေး ခြင်းကို ခံရသူပါ။
သင်္ချာဘာသာရပ်တွင် အလွန်ညံ့ဖျင်းပြီး ခေါမ နှင့် လက်တင် ဘာသာ သင်ကြားရာမှာ လည်း စိတ်ဝင်စားမှုမရှိခဲ့ပါဘူး။နောက်ပိုင်း သူ့ကို ဦးလေးဖြစ်သူ Jakob က အက္ခရာသင်္ချာ နှင့် ဂျီသြမေထြီ သဘောတရားများကို နားလည်အောင် ရှင်းပြပေးနိုင်ခဲ့လို့  အိုင်းစတိုင်းဟာ  သင်္ချာဘာသာ ကို ဆရာများ
 အံ့သြလောက်တဲ့အထိ ထူးချွန်လာခဲ့ပါတယ်။
 သင်္ချာဘာသာရပ်တွင် ထူးထူးခြားခြား တော်နေသူ အိုင်းစတိုင်း အားလပ်ချိန်များတွင် တစ်ယောက်တည်း စဉ်းစားတွေးတောရင်း စာရွက်တစ်ရွက်ပေါ်တွင် ခဲတံတို တစ်ချောင်းဖြင့် အမြဲတမ်း တွက်ချက်နေတက်တယ်လို့  ဆိုပါတယ်။
 ( 1923 ) ခုနှစ်မှာ  ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုကို  ချီးမြှင့်ခြင်း ခံရပါတယ်။အိုင်းစတိုင်းဟာ အိမ်ထောင်နှစ်ဆက်ဖြစ်ပြီး ပထဇနီး မီလီဗာ နဲ့တရားဝင် ကွာရှင်းခဲ့ပြီး အယ်လ်ဆာ (တ၀န်းကွဲညီမ) နဲ့လက်ထပ်ခဲ့ပါတယ်။
ဂျာမဏီမှာ  ဟစ်တလာ အာဏာရလာတဲ့အခါ လူမျိုးကြီး ၀ါဒများ ပြန်လည် ခေါင်းထောင် လာ ခဲ့ပြီး ဂျူးလူမျိုးတွေကို ခွဲခြားဆက်ဆံခံရ ဖိနှိပ်လာတဲ့အတွက် အိုင်းစတိုင်းဟာ  အမေရိကန်ကို အပြီးအပိုင် ထွက်ခွာခဲ့ရပါတယ်။
အဏုမြူဗုံး (သို့ ) အက်တမ် ဗုံးကို ထုတ်လုပ်နည်းဟာ  အိုင်းစတိုင်းရဲ့ ကမ္ဘာကျော် ညီမျှခြင်း  E=mc2  ဆိုတဲ့  ဒြပ်ထု စွမ်းအင် တူညီခြင်း နိယာမ တရားဖြစ်ပါတယ်။
(အိုင်းစတိုင်းရဲ့ စွမ်းအင် နိယာမအတိုင်း အမေရိကန်တို့ အဏုမြူဗုံး ထုတ်လုပ်နိုင်ခဲ့သည်)
ဒုတိယ စစ်ကြီးပြီးတဲ့အချိန် နောက်ပိုင်းမှာ  အဏုမြူစွမ်းအင်ကို ကောင်းသည့် ဘက်တွင် အသုံးပြုကြပါလိုူ့  အိုင်းစတိုင်းကိုယ်တိုင် တိုက်တွန်း ခဲ့ ပါ
တယ်။
သီအိုရီကို ပိုရှင်းလင်းလွယ်ကူအောင် ထပ်မံ ရှင်းမပြနိုင်ခင် ( 1955 ) ဧပြီ ( 18 ) ရက်နေ့ ၊ မနက် ( 1 ) နာရီ ( 25 ) မိနစ်မှာ အိုင်းစတိုင်း ၇၆ နှစ်ဟာ  ပရင်စတန် ဆေးရုံကြီးပေါ်မှာ ကွယ်လွန်ခဲ့ပါတယ်။
SAW
Credit wikipedia
http://www.abc.net.au/
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။
Related Posts Plugin for WordPress, Blogger...