Saturday, May 18, 2013

မြေထဲပင်လယ်အောက်တွင် ပျောက်ဆုံးနေသော မြို့တော်ကြီးကို ရှာဖွေတွေ့ရှိ



ဒဏ္ဍာရီထဲတွင် ရှေးခေတ်ဂရိများ၏ ဆိပ်ကမ်းမြို့တော်ဟု လူသိများသည့် ဟီရာကလီယွန်မြို့ဟောင်းကြီးကို ဥရောပရေအောက် ဗိသုကာပညာရှင်များအဖွဲ့မှ စတင်တွေ့ရှိခဲ့ကြသည်။ အီဂျစ်ကမ်းလွန် အဘိုကာပင်လယ်အော် အနီးတွင် ယင်းမြို့ဟောင်းကြီးကို ခြေရာခံခဲ့ကြရာမှ ဒေါက်တာဖရန့်ဂေါ်ဒီယို ဦးဆောင်သောအဖွဲ့သည် ဆယ်စုနှစ်ရှည်ကြာအောင် မြို့ပျက်ဟောင်းကို ရှာဖွေခဲ့ကြသည်။
ယင်းမြို့ပျက်ဟောင်းသည် ရှေးခေတ်က ကုန်သွယ်သင်္ဘောများ စုစည်းရာနေရာအဖြစ် လူသိများသလို နိုင်းမြစ်ဝှမ်းတွင် ကြီးစိုးခဲ့သော ဟက်ပီနတ်မင်းကြီးရှိရာ နေရာအဖြစ်လည်း ထင်ပေါ်ကျော်ကြား လူသိများသည်။ ကာနိုဗစ်ဒေသဟု မြေပုံပညာရှင်များက ထောက်ပြသည့် အဆိုပါနေရာတွင် ဟီရာကလီယွန် ဘုရားကျောင်းကြီးလည်းရှိပြီး ယင်းဘုရားကျောင်းထဲတွင် ဟက်ပီနတ်မင်းကြီး၏ နတ်ကွန်းကြီးကိုလည်း တည်ထားသည်။
ယခုအခါ ပြင်သစ်မှ သုတေသီများက ချမ်းသြွာကယ်ဝမှုကို ယူဆောင်လာသည့် ဟက်ပီနတ်မင်းကြီး၏ ရုပ်တုနှင့်တကွ ရေအောက်တွင် ဒဏ္ဍာရီဆန်စွာ ပျောက်ဆုံးနေခဲ့သော မြို့ဟောင်းကြီးကိုပါ ရှာဖွေတွေ့ရှိခဲ့ကြသည်။ယင်းမြို့ဟောင်းကြီးရှိရာနေရာသို့ ရာစုနှစ်ပေါင်း များစွာကြာသည့်တိုင်အောင် မည်သူကမျှ ခြေချနိုင်ခဲ့ခြင်းမရှိဟု အောက်ဖို့ဒ်တက္ကသိုလ်မှ ဗိသုကာဂုရုကြီး ဆာဘာရီကမ်လစ်ဖီက ရှင်းပြသည်။ ရေအောက်ကမ္ဘာတွင် နှစ်ပေါင်းရာချီ ပျောက်ဆုံးနေသည့် ပုစ္ဆာဆန်သော မြို့တော်ဟောင်းကြီး၏ ပဟေဠိကို စိတ်ပါဝင်စားသူများ အဖြေညှိနိုင်ရန် ပြင်သစ်နှင့် ဂျာမန်ရုပ်သံလိုင်းများက မေလ၁၁ရက်နေ့တွင် ယင်းမြို့ကြီးကို အသေးစိတ်ရိုက်ကူး ပုံဖော်ထားမှုအား ထုတ်လွှင့်ပြသခဲ့ကြသည်။
 ref:ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...