Saturday, May 11, 2013

ToyStoryရုပ်ရှင်မှ အာကာသစစ်သားအရုပ်ကို ပူပေါင်းများဖြင့် ပုံဖော်ပြုလုပ်


ဗြိတိန်အခြေစိုက် ကစားစရာအရုပ် ထုတ်လုပ်ဖြန့်ချိသော ကုမ္ပဏီမှဂျက်ဖ်ဝရိုက် ဆိုသူသည် ရုပ်ရှင်ဇာတ်ကားမှ အာကာသစစ်သားရုပ်ကို ပူပေါင်းများဖြင့် ပုံဖော်ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ရာတွင် ထောင်နှင့်ချီသော ရောင်စုံပူပေါင်းများကို အသုံးပြုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂျက်ဖ်ဝရိုက်ကိုယ်တိုင် အဆိုပါရုပ်အတွင်းသို့ ၀င်ရောက်ကာ လှုပ်ရှားသွားလာပြခဲ့သည်။ ထိုပူပေါင်းစစ်သားရုပ်ပုံကို အင်တာနက်သို့ လွှင့်တင်ခဲ့ရာ နာရီအနည်းငယ်အတွင်း ကြည့်ရှုသူ တစ်သိန်းခုနစ်သောင်း ကျော်လာခဲ့ကြောင်းသိရသည်။
ref:ပြည်မြန်မာ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...