Saturday, May 11, 2013

ရော်ဘာဘဲရုပ်ကြီး ဟောင်ကောင်ဆိပ်ကမ်းသို့ ဆိုက်ကပ်


အမြင့်၅၄ပေရှိသော ရော်ဘာဘဲရုပ်သင်္ဘောသည် ကမ္ဘာအနှံ့ခုတ်မောင်းသွားလာခဲ့ရာ မေ၂ရက်တွင် ဟောင်ကောင်မြို့ ဗစ်တိုးရီးယားဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့သည်။ ထောင်နှင့်ချီသော ပရိသတ်များက ဗစ်တိုးရီးယားဆိပ်ကမ်းသို့ သွားရောက်ကြိုဆိုခဲ့ကြသည်။
ယင်းဘဲရုပ်ကြီးကို ၂၀၀၇ခုနှစ်တွင် ဟော်လန်ဒီဇိုင်းပညာရှင် ဖလော်တန်ဒီဂျန် ဟော့ဖ်မန်းက ဖန်တီးပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာအနှံ့ခုတ်မောင်း သွားရောက်ခဲ့ရာ နိုင်ငံပေါင်း၉နိုင်ငံနှင့် မြို့၁၃မြို့ကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ဟော့ဖ်မန်းသည် နာမည်ကျော်ဒီဇိုင်းပညာရှင် တစ်ဦးဖြစ်ပြီး ထူးဆန်းအံ့သြဖွယ် သတ္တ၀ါများ၏ ပုံသဏ္ဍာန်များကို အမြောက်အများ ဖန်တီးပြုလုပ်ခဲ့သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...