
ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း အန်နီစီရေကန်အထက် အမြင့်ပေ၂၀၀၀ကျော်တွင် လူစွန့်စား ရိုဇန်နီဂယ်လန်နှင့် ဂီလ်စနိုက်ဒါဆိုသူသည် လေထီးတပ်ဆင်ထားသော ယာဉ်ငယ်ကို အသုံးပြုပြီး ဆပ်ကပ်စွမ်းရည်ပြသခဲ့သည်။ အသက်၂၉နှစ်အရွယ်ရှိ စနိုက်ဒါသည် ခါးတွင်လုံခြုံရေးခါးပတ် ပတ်ထားသည်မှအပ မည်သည့်ခေါင်းစွပ်မျှ ဆောင်းထားခြင်း အပါအ၀င် အသက်ကယ်လေထီး တပ်ဆင်ထားခြင်းမရှိကြောင်း သိရသည်။
စနိုက်ဒါသည် ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူထံမှ ကြိုးတန်းကိုအသုံးပြုပြီး ဆက်ကပ်ပြသခြင်း အပါအဝင် အခြားဆက်ကပ် ပညာများကိုလည်း လေ့လာခဲ့သည်။ စနိုက်ဒါဆပ်ကပ်ပြပုံကို ရုပ်ရှင်ရိုက်ကူးသူ အက်ဒရိန်ရှန်ဆိုသူက လေထီးနှင့်လိုက်ပါပြီး မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးမှုများ ပြုလုပ်ခဲ့သည်။
ref:ပြည်မြန်မာ

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။