Sunday, May 19, 2013

သွားကို အသုံးပြု၍ ကားကိုဆွဲရန် အသက် ၉၂ နှစ်အရွယ် အမျိုးသားကြီး စီစဉ်လျက်ရှိ


နယူးယောက် မေ ၁၅
အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့မှ အသက် ၉၂ နှစ်အရွယ်ရှိ မိုက်ဂရင်းစတိန်း ဆိုသူ အမျိုးသား ကြီးသည် လာမည့် သီတင်းပတ်တွင် ကိုနေးကျွန်း၌ ၎င်း၏ သွားများကို အသုံးပြု၍ ၂၀၀၆ ခုနှစ် မော်ဒယ်လ် ကြေးညိုရောင် Buick La Crosse ကားတစ်စီးကို ဆွဲပြရန် စီစဉ်လျက် ရှိကြောင်း နယူးယောက် နေ့စဉ်ထုတ် သတင်း စာတွင် ဖော်ပြထားသည်။

အဆိုပါ လုပ်ဆောင်မှုသည် ဂရင်းစတိန်း၏ ပထမဆုံး အကြိမ် ပြည်သူ့ ရှေ့မှောက်တွင် ပြုလုပ်မည့် စွမ်းရည်ပြပွဲ ဖြစ်ပြီး ၎င်း၏ ဖခင်ဖြစ်သူ ဂျိုးဂရင်း စတိန်းသည် ၁၉၃၀ ပြည့်လွန် နှစ်များ အတွင်းက သံများ၊ ဆူးချွန်များနှင့် အခြား ချွန်ထက်သော ပစ္စည်းများကို ကိုက်ဖြတ် ရာတွင် နာမည်ကြီးသူ တစ်ဦး ဖြစ်သည်ဟု ယင်းသတင်း စာတွင် ဖော်ပြထားသည်။
ကားကို သွားဖြင့် ဆွဲရာတွင် စိတ်နှင့် ခန္ဓာကိုယ် ထိန်းချုပ်မှု အားလုံးနှင့် သက်ဆိုင်ကြောင်း၊ မိမိ၏ စိတ်ကို စုစည်း ထားရပြီး ကားထက်စွမ်းအား ပိုရှိသည်ဟု ခံယူ ထားရကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂရင်းစတိန်းတွင် မြေးသုံးဦးနှင့် မြစ်နှစ်ဦး ရှိကြောင်း သိရသည်။
ref;မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...