Sunday, May 19, 2013

ပါကစ္စတန်တွင် မျက်လုံးလေးလုံး ပါရှိပြီး ပါးစပ် မပါရှိသည့် ထူးခြားသော ငါးအသေကောင် တွေ့ရှိ


ကရာချိ ဧပြီ ၎
ပါကစ္စတန် နိုင်ငံ ကရာချိ မြို့တော်ရှိ ကလပ်ဖ်တန် ကမ်းခြေတွင် ဧပြီ ၁ ရက်က မျက်လုံးလေးလုံး ပါရှိပြီး ပါးစပ် မပါရှိသည့် ထူးခြား ဆန်းပြားသော ငါးအသေကောင်အား တွေ့ရှိခဲ့ကြောင်း သိရ သည်။
ထို့နောက် ဒေသခံ ပြည်သူ ၁ဝဝ ခန့်သည် ယင်းကမ်းခြေသို့ လာရောက်၍ အစုံစား သတ္တဝါဟု ယူဆရသော ၎င်း ငါးအား တအံ့တသြ ကြည့်ရှုခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်၌ ဖော်ပြ ခဲ့သည်။ ဒေသခံ များသည် ယင်းငါး အသေ တွေ့ရှိမှုအား ဒေသတွင်းရှိ ရဲတပ်ဖွဲ့သို့ အကြောင်း ကြားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့များသည် ၎င်းဧရိယာ တစ်ဝိုက်သို့ အစောင့်အကြပ် များဖြင့် ပိတ်ဆို့ ခဲ့ကြ သည်။
ဒေသခံ များသည် ထူးခြားသည့် အဆိုပါ ငါးအား ရေကျချိန် အတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၎င်းငါးသည် ပါကစ္စတန် နိုင်ငံ၌ မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲအား နှောင့်နှေး စေနိုင်ခြင်း သို့မ ဟုတ် အဟန့်အတား တစ်ခု ဖြစ်စေနိုင်သည့် လက္ခဏာ တစ်ရပ် ဖြစ်နိုင်သည်ဟု ဒေသခံ အချို့က ယူဆလျက် ရှိသည်။ သို့ရာတွင် အာဏာပိုင်များက နိုင်ငံအတွက် နိမိတ်ဆိုး တစ်ခုဟု ထင်မြင် ယူဆ ကြသော ၎င်းကောလာဟလ များအား ပယ်ချခဲ့ပြီး ၎င်းငါးသည် သန္ဓေ ပြောင်းလဲမှု ဖြစ်စဉ်အရ ယင်းကဲ့သို့ ထူးခြားနေခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ၎င်းငါးတွင် ပါးစပ် မပါရှိခြင်းေ ကြာင့် အစား အစာကို မည်သို့ စားသောက်မည် နည်းနှင့် စပ်လျဉ်း၍ အမျိုးမျိုး ယူဆလျက် ရှိကြောင်း ဒေသတွင်း ငါးနှင့် ရေလုပ်ငန်း ဆိုင်ရာ စူးစမ်း လေ့လာရေး ဝန်ကြီးဌာနမှ အကြီးအကဲေ ဟာင်း တစ်ဦးဖြစ်သူ အာဇက်မှု ကွမ်က ပြောကြားခဲ့သည်။
ref:မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...