Sunday, May 19, 2013

ကြယ်သီးပေါင်း ၁ ဒသမ ၂သန်းဖြင့် ဖန်တီး ပုံဖော်ထားသည့် ကမ္ဘာ့အကြီးဆုံး ငြိမ်းချမ်းရေး သင်္ကေတ ချိုးငှက်


အဘူဒါဘီ မတ် ၁၁
အာရပ်စော်ဘွားများ ပြည်ထောင်စု UAE အလံ၏ အရောင်များနှင့် အတူ ကြယ်သီး အရေအတွက်ပေါင်း ၁ ဒသမ၂သန်းဖြင့် ဖန်တီး ပုံဖော်ထားသည့် ကမ္ဘာ့အကြီးဆုံး ငြိမ်းချမ်းရေး သင်္ကေတ ချိုးငှက် ပုံကို  ဒူဘိုင်း မြို့တွင်
ဖန်တီးပြုလုပ် ခဲ့ကြောင်းနှင့် ၎င်းချိုးငှက် ပုံကြီးကို ငြိမ်းချမ်းရေးအား နှစ်သက် မြတ်နိုးသည့် နိုင်ငံ တစ်ခုအဖြစ် UAE ၏ ဂုဏ်သတင်းကို ပိုမိုတောက်ပစေ ရန်ရည်ရွယ် ၍  ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ငြိမ်းချမ်းရေး သင်္ကေတ အဖြူရောင် ချိုးငှက်ပုံကြီးသည် ၁၉x၁၉ မီတာရှိပြီး UAE အလံ၏  အရောင်များကို ထည့်သွင်း ပုံဖော်ထားသည်။ ၎င်းချိုးငှက်ပုံကို  ဘာ့ဂ်ျခါ လီဖာ အဆောက် အအုံ၌ မတ် ၁ဝ ရက်တွင် ကျင်းပသည့်  ငြိမ်းချမ်းရေး ကော်မတီ အဖွဲ့အစည်း အခမ်းအနားတွင် ပြသခဲ့သည်။
ထို့ပြင် ၎င်း ရုပ်ပုံကို ဒူဘိုင်း၌ ဧပြီ ၂၃ နှင့်၂၄ ရက်တို့တွင် ကျင်းပ မည့် Sport  Middle  East ဆွေးနွေးပွဲများ တွင်လည်း ပြသသွားမည် ဖြစ်ကြောင်း  သိရသည်။ ၎င်းချိုးငှက် ပုံကြီးကို ပြုလုပ် ဖန်တီးနိုင်ရန် Emaar အိမ်ခြံမြေ လုပ်ငန်းက ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင်  ၎င်း ချိုးငှက်ရုပ်ကို ချစ်ကြည်ရေး သံအမတ် တစ်ဦးဖြစ်သလို ငြိမ်းချမ်းရေး စည်းရုံး လှုံ့ဆော်သူ တစ်ဦးလည်း ဖြစ်သည့် အီရတ် အားကစား သမား ခေါင်းဆောင် ဖာရိဒ် လက်ဖ်တာက ဦးဆောင်၍  ဒူဘိုင်း ကျောင်းသားများနှင့် အတူ မတ် ၂ ရက်မှ စတင် ပြုလုပ်ခဲ့ပြီး မတ် ၉ ရက်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ ဘာ့ဂ်ျခါလီဖာ အဆောက် အအုံကြီး၌ ပြုလုပ်သည့် အခမ်းအနား တွင် ငြိမ်းချမ်းရေး ကော်မတီ အဖွဲ့အစည်းသည် ဂင်းနစ် မှတ်တမ်းအဖွဲ့မှ ကမ္ဘာ့ အကြီးဆုံး ငြိမ်းချမ်းရေး သင်္ကေတအဖြစ် တရားဝင် အသိအမှတ်ပြု လက်မှတ်ကို ရရှိခဲ့သည်။
ref:မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...