
အမေရိကန်နိုင်ငံ ဘော်စတွန်မြို့တွင် နေထိုင်သော အသက် ၂၆ နှစ်အရွယ် Ellen Fleming အမည်ရှိ အမျိုးသမီးသည် ဘဏ်၏ လွှဲမှားမှုကြောင့် နာရီအနည်းငယ်ကြာ သန်ကြွယ်သူဌေးမဖြစ်ခဲ့သည်။
လွန်ခဲ့သောအပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက Fletming သည် သူမ၏ ဘဏ်အကောင့်ထဲသို့ အမေရိကန်ဒေါ်လာ (၁.၁) သန်း လွှဲပြောင်းကြောင်း အတည်ပြု ပြောကြားသည့် ဖုန်းခေါ်ဆိုမှုကို TD Ameritrade ဘဏ္ဍာရေး အတိုင်ပင်ခံထံမှ လက်ခံရရှိခဲ့သည်။
သူမသည် ဘဏ်အက်ပလီကေးရှင်းကို ဖွင့်ကြည့်လိုက်သောအခါ သူမ၏ အကောင့်ထဲတွင် လက်ကျန်ငွေ အမေရိကန်ဒေါ်လာ ၅ဝ အပြင် အမေရိကန် ဒေါ်လာ (၁.၁) သန်း ရောက်နေသည်ကို အံ့သြစွာ တွေ့ရှိခဲ့သည်။
သူမက “ဒီလိုသာဆိုရင် ဘယ်လောက်ကောင်းမလဲလို့ ကျွန်မ စဉ်းစားမိခဲ့တယ်။ ကျွန်မ လက်ရှိလုပ်နေတဲ့ အလုပ်ကနေ ထွက်နိုင်မယ်။ လုပ်ချင်တာ လုပ်လို့ရမယ်။ နောက်ပြီး ကျောင်းတက်တုန်းက ချေးထားတဲ့ငွေ တချို့လည်း ပြန်ဆပ်နိုင်မယ်”ဟု ဘော်စတွန်ဂလုပ်သတင်းဌာနသို့ ပြောကြားခဲ့သည်။
သို့သော် သူမသည် မိခင်ဖြစ်သူနှင့် တိုင်ပင်ပြီးနောက် ID Ameritrade ဘဏ္ဍာရေး အတိုင်ပင်ခံသို့ ဖုန်းဆက်ပြီး ဘဏ်အကောင့်လွဲမှားမှုကို တင်ပြခဲ့သည်။
သူမက “ဘဝမှာ ၁ဝ မိနစ်လောက် သန်းကြွယ်ရတာလည်း မဆိုးပါဘူး”ဟု သတင်းစာတစ်ခုသို့ ပြောကြားခဲ့သည်။
အတိုင်ပင်ခံက ၄င်းငွေလွှဲမည့်သူမှာ Fleming နှင့် နာမည်တူသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ဖလော်ရီဒါတွင် နေထိုင်ကြောင်း ပြောကြားခဲ့သည်။
Fleming က အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး “ဘဏ်က အမှားကြီးကြီးလုပ်ခဲ့တယ်”ဟု သူမ၏ တွစ်တာစာမျက်နှာတွင် ရေးတင်ခဲ့သည်။
Credit:Tomorrow journal
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။