
Marvel Comics မှရိုက်ကူးထုတ်လုပ် သည့် Iron Man ရုပ်ရှင်များတွင် သရုပ်ဆောင် ရောဘတ်ဒေါင်းနေး ဂျူနီယာ ၏စွယ်စုံသုံး သံမဏိဝတ်စုံဖြင့် သရုပ်ဆောင်မှုများကို မကြာခဏတွေ့မြင်ရပြီးဖြစ်သည်။ ယင်းအရာသည် စိတ်ကူးယဉ်ဇာတ်ကောင်သာဖြစ်ပြီး ပြင်ပကမ္ဘာတွင် တုပနိုင်သူရှားသည်။
သို့သော် အဆိုပါအရာကိုတုပနိုင်သူ ထွက်ပေါ်လာပြီး ထိုသို့တုပနိုင်သူ ရစ်ချတ် ဘရောင်းနင်းကို လက်တွေ့ကမ္ဘာမှ Iron Man ဟု ခေါ်ဝေါ်နေ ကြပြီဖြစ်သည်။ ပြိုင်ဘက်ကင်းသော မိုးပျံဝတ်စုံတီထွင်သူနှင့် စမ်းသပ်စီးနင်းပြသူ ရစ်ချတ်ဘရောင်းနင်းသည် ယခုအခါ ဂင်းနစ် ကမ္ဘာ့မှတ်တမ်းတွင် စာရင်းဝင်သွားပြီဖြစ်သည်။
ဗြိတိန်နိုင်ငံသား စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ ရစ်ချတ်ဘရောင်းနင်းက ခန္ဓာကိုယ်ဖြင့်ထိန်းချုပ်နိုင်သည့် ဂျက်အင်ဂျင် အသုံးပြုမိုးပျံဝတ်စုံကို တီထွင်လိုက်နိုင်သည့်အတွက် ကမ္ဘာ့အမြန်ဆုံးမိုးပျံဝတ်စုံတီထွင်သူအဖြစ် ကမ္ဘာ့စံချိန် မှတ်တမ်းတွင် စာရင်း ဝင်သွားခြင်းဖြစ်သည်။ ဂရေဗတီစက်မှုလုပ်ငန်းကုမ္ပဏီမှထုတ် လုပ်သည့်အဆိုပါဝတ်စုံကို ယင်းကုမ္ပဏီထူ ထောင်သူနှင့်ဥက္ကဋ္ဌဖြစ်သည့် ဘရောင်းနင်း ကဝတ်ဆင်ကာ စမ်းသပ်စီးနင်းခဲ့ခြင်းဖြစ်ပြ ၎င်း၏စမ်းသပ်မှုအတွင်း တစ်နာရီလျှင် ၅၁ ဒသမ ၅၃ ကီလိုမီတာဖြင့်သွားနိုင်သည်ကို တွေ့ရသည်။
Daedalus ဟုအမည်ပေးထားသည့် ဘရောင်းနင်း၏မိုးပျံဝတ်စုံတွင် အထူးတီထွင်ထားသည့် စက်ရုပ်လက်တံနှင့် ရေနံဆီစွမ်းအင်သုံး မိုက်ခရိုဓာတ်ငွေ့ တာဘိုင်ခြောက်လုံးပါဝင်သည်။ အဆိုပါ တာဘိုင်တစ်လုံးစီသည် ပေါက်ကွဲအား ၂၂ကီလို အထိရှိသည်။
ထို့ပြင် ဝတ်စုံ၏ဟဲမတ်အတွင်း၌ ကြည့်ရှုနိုင်သည့် မျက်နှာပြင်တစ်ခုပါဝင်ပြီး ၎င်းက စွမ်းအင်သုံးစွဲမှု အခြေအနေများကို ဖော်ပြပေးမည်ဖြစ်သည်။ အဆိုပါဝတ်စုံဖြင့် ပျံသန်းမှုအားလုံးသည် အဝေးထိန်းခလုတ်ဖြင့် ထိန်းချုပ်ခြင်းမျိုးလုံးဝ မဟုတ်ဘဲ ဝတ်ဆင်သူ၏ ခန္ဓာကိုယ်လှုပ်ရှား မှုတစ်ခုတည်းဖြင့်သာ ထိန်းချုပ်ထားခြင်းဖြစ်သည်။
Credit:myawaddy
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။