
ဗြိတိန် ဝေလနယ်က အမျိုးသမီးတစ်ဦးဟာ ဂိုဒေါင်ထဲ ၇ နှစ်ကြာ ပစ်ထားတဲ့ အိတ်ဟောင်းကြီးတစ်လုံးဟာ ရွှေသားအိတ်ကြီး ဖြစ်နေတာကို အံ့အားသင့်ဖွယ်ရာ သိရှိလိုက်ရပါသတဲ့။ ရွှေနန်းကြိုးတွေကို ရက်ထားပြီး အိတ်လုပ်ထားတဲ့ ရတနာအနုပညာ လက်ရာတစ်ခုဖြစ်နေပြီး ပေါင်ငွေ ၃၈၀၀ (မြန်မာငွေ ၇၉သိန်း) လောက် တန်နေပါတယ်။ ဝေလနယ် ဒန်ဘစ်ဒေသခံ လင်ဒါပရစ်ချက်က အဆိုပါရွှေအိတ်ကို တွေ့ခဲ့တာဖြစ်ပါသတဲ့။ သူမရဲ့ မွေးချင်းတော်စပ်သူ မာဂရက်ရဲ့ ဂိုဒေါင်မှာ တွေ့ရတာဖြစ်ပြီး ဖုန်တွေ အလိမ်းလိမ်းနဲ့ ဖြစ်နေပါသတဲ့။ အသက် ၆၁ နှစ်အရွယ် လင်ဒါဟာ မျက်လုံးလည်း သိပ်မကောင်းဘဲ အိတ်ကို ဒေသခံ မျက်လုံးစမ်းသပ်စစ်ဆေးသူထံ သွားတုန်း ယူသွားပြီး ပြသခဲ့ပါတယ်။ ၁၉၅၀ ကာလများက လူချမ်းသာအမျိုးသမီး ဒိုရာဂျုန်းစ်ပိုင်တဲ့ ၁၅ ကာရက် ရွှေအိတ်ဆိုတာကို သိလိုက်ရပါသတဲ့။ ဒိုရာဂျုန်းစ်ရဲ့ ခင်ပွန်းသည်ကို ပြုစုဖူးတဲ့ မာဂရတ်ကို ခင်ပွန်းဖြစ်သူက လက်ဆောင်ပေးခဲ့တာလို့ သိရပါသတဲ့။
Credit: The Voice Myanmar Journal
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။