
စတုတ်စီးတီးအသင်းမှ အင်္ဂလန်တိုက်စစ်မှူးဟောင်း ပီတာခရော့ခ်ျသည် ပရီးမီးယားလိဂ်တွင် ခေါင်းတိုက်ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမားအဖြစ် ၂၀၁၈ ဂင်းနစ်မှတ်တမ်းစာအုပ်၌ ထည့်သွင်းဖော်ပြခံခဲ့ရကြောင်း သိရှိရသည်။
ပီတာခရော့ခ်ျ(၃၆ နှစ်)သည် ပြီးခဲ့သည့်မေလက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် (၅၁)ဂိုးမြောက် ခေါင်းတိုက်ဂိုး သွင်းယူခဲ့ပြီးနောက် ကမ္ဘာ့စံချိန်တစ်ရပ်အဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။
ယခင်က ပရီးမီးယားလိဂ်တွင် ခေါင်းတိုက်ဂိုးအများဆုံးသွင်းယူထားနိုင်သူမှာ နယူးကာဆယ်နှင့် အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားဖြစ်ပြီး (၄၆)ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
အရပ်(၆)ပေ၊ (၇)လက်မ မြင့်သည့် ပီတာခရော့ခ်ျသည် ယခုရာသီတွင်လည်း ခေါင်းတိုက်ဂိုး(၂)ဂိုး သွင်းယူထားသည့်အတွက် စုစုပေါင်းပရီးမီးယားလိဂ်ခေါင်းတိုက်ဂိုး (၅၃)ဂိုးအထိ ရှိသွားပြီဖြစ်ကြောင်းလည်း သိရှိရသည်။
ပီတာခရော့ခ်ျက ပရီးမီးယားလိဂ်၌ မည်သည့်စံချိန်ပင်ဖြစ်စေ ဂုဏ်ယူစရာကောင်းကြောင်းနှင့် အသက်(၄၀)အထိ ဆက်လက်ကစားသွားလိုကြောင်းလည်း ပြောကြားခဲ့သည်။
ပီတာခရော့ခ်ျသည် ကလပ်အသင်းများစွာတွင် ရွှေ့ပြောင်းကစားခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံစုစုပေါင်း (၆၇၆)ပွဲကစားကာ ဂိုး(၂၀၀)သွင်းယူထားသူဖြစ်ကြောင်းလည်း သိရှိရသည်။
Credit: elevenmedia group
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။