နေခရမ်း....
|
Thursday, March 14, 2013
ကမ္ဘာ့အသေးဆုံး သမင်
တောင်အမေရိကမှာပဲ ရှိတဲ့ သမင် တစ်မျိုး ဖြစ်ပါတယ်။ Pudu လို့ ခေါ်ပြီး အီကွေဒေါ၊ ချီလီ၊ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ပီရူး အစရှိတဲ့ နိုင်ငံများရဲ့  တောင်ကုန်းမြင့် ဒေသတွေမှာ နေထိုင်ပါတယ်။ အရွယ်အစားအားဖြင့် အမြင့် ၁၃ လက်မမှ ၁၇ လက်မ၊ အရှည် ၃၃ လက်မ အထိပဲ ရှိပါတယ်။
ဝိတ်ကတော့ ၂၆ ပေါင်ဝန်းကျင်သာ ရှိပြီး ပေါင် ၃၀ အထိ ကတော့ အလေးဆုံးပါပဲ။ တောင်အမေရိကမှာ တစ်ချိန်က နာမည်ကြီး အသားပဲ ဖြစ်ပါတယ်။ ဒါကြောင့် ယခုချိန်မှာ ပူဒူးအမဲလိုက်ခြင်းကို အပြင်းအထန် တားမြစ် အရေးယူပါတယ်။ အရေအတွက် နည်းနေပြီမို့ ဖြစ် ပါတယ်။ ချီလီတောင်ဆိတ်လို့လည်း နာမည်ပေးထားပါသေးတယ်။ ယနေ့ အချိန် ကမ္ဘာ့ရှားပါး မျိုးစိတ် စာရင်းထဲမှာ Pudu ကို ထည့်သွင်းမှတ်တမ်းတင် ထားကြောင်း သိရပါတယ်။
အကြောင်းအရာ
ဂရင်းနစ်မှတ်တမ်းများ,
ထူးဆန်းအကောင်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။