Sunday, March 17, 2013

လေယာဉ်တောင်ပံပေါ်တွင် လမ်းလျှောက်စတန့်ပြသည့် အဖွဲ့ကဆစ်ဒနီ ဆိပ်ကမ်းတွင် ဖျော်ဖြေခဲ့


Breitlingအမည်ရှိ ဗြိတိန်အခြေစိုက် လေယာဉ်တောင်ပံပေါ် လမ်းလျှောက်စတန့်ပြသည့် အမျိုးသမီးအဖွဲ့သည် မတ်လ၇ရက်နေ့တွင် သြစတြေးလျနိုင်ငံ ဆစ်ဒနီဆိပ်ကမ်းတွင် စတန့်ပြသခဲ့ရာ ပရိသတ် အမြောက်အမြား လာရောက် ကြည့်ရှုခဲ့ကြသည်။ အဆိုပါအမျိုးသမီး စတန့်အဖွဲ့သည် တစ်နာရီမိုင်၁၅၀နှုန်း မောင်းနှင်လျက်ရှိသည့် လေယာဉ်တောင်ပံပေါ်တွင် လမ်းလျှောက် စတန့်ပြသည့်အဖွဲ့က ဆစ်ဒနီ ဆိပ်ကမ်းတွင် ဖျော်ဖြေခဲ့ကွက်များ ပြသခဲ့ကြသည်။
ဝေဟင်တွင် အောက်ဆီဂျင်ရရှိမှု နည်းပါးသော်လည်း ထိုသို့စွန့်စားရခြင်းကို အလွန်တရာပျော်ရွှင်ကြောင်း ခေါင်းဆောင် ဆာရတ်တန်နာက စတန့်ပြကွက်အပြီးတွင် သတင်းထောက်များကို ပြောကြားသွားခဲ့သည်။ လေယာဉ်တောင်ပံပေါ်တွင် လမ်းလျှောက် စတန့်ပြသခြင်းသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း စတင်ရေပမ်းစားလာခဲ့ပြီး အစောပိုင်း စတန့်ပြသသူများသည် မည့်သည့်လုံခြုံရေး အထောက်အကူပြု ပစ္စည်းများ အသုံးပြုခြင်း မရှိသော်လည်း နောက်ပိုင်းတွင် လေယာဉ်မောင်းနှင်မှု အသက်အန္တရာယ် ထိခိုက်မှုများ မကြာခဏ ဖြစ်ပွားခြင်းတို့ကြောင့် ယခုအခါ လုံခြုံရေး အထောက်အကူပြု ကိရိယာများ တပ်ဆင်ပြီါ် စတန့်ပြသခဲ့ကြသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...