Sunday, March 3, 2013

ပုလင်းပေါ်မှာ ကားမောင်း၍ ဂင်းနစ်စံချိန်တင်သူ


ဘီယာပုလင်းများကို ရထားလမ်းလို့ စည်ထားတဲ့ တန်းပေါ်မှာ ကားမောင်း ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့တောင် ထင်ချင်စရာ ရှိပါတယ်။ သို့ပေမယ့် ဒါဟာ ဖြစ်နိုင်တယ်ဆိုတာကို တရုတ်နိုင်ငံက Li Guiwen ပုဂ္ဂိုလ်က လက် တွေ့ပြ မောင်းနှင်ပြသခဲ့ပါတယ်။
ဘီယာ ပုလင်းပေါင်း ၁၇၉၈ ပုလင်းစည်ထားတဲ့ လမ်း အရှည် ၆၀ မီတာ ကျော်ကို ၈ မိနစ်နဲ့ ၁၉ စက္ကန့်အတွင်း အပြီးမောင်းပြ သွားခဲ့ပါတယ်။ လုံးဝ အတိမ်းအစောင်း မရှိပါဘူး။

ဘယ်ပုလင်းမှာလည်း မမောက်ပါဘူး။ သူကိုယ်တိုင်ကလည်း တရုတ်စစ်တပ် မှာ စစ်ကားမောင်း ဒရိုင်ဘာ တစ်ဦး ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် မတ်လလောက်က တရုတ်နိုင်ငံအရှေ့ ပိုင်း Wenzhou မြို့ မှာ သရုပ်ပြ မောင်းနျင်ခဲ့ပြီး ဂင်းနစ်စံချိန်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: Guinness
ရိုးရာလေး

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...