Sunday, March 3, 2013

အသက် ၁၁၄ နှစ် အရွယ်ရှိ ဂျပန် အဘွားအို ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီး အဖြစ် ဂင်းနစ် မှတ်တမ်းတင်


တိုကျို   မတ်   ၁
အသက် ၁၁၄ နှစ် အရွယ်ရှိ ဂျပန် အမျိုးသမီး ဖြစ်သူ မီဆာ အိုအိုကာဝါကို ဖေဖော်ဝါရီ ၂၇ ရက်က ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီး အဖြစ် ဂင်းနစ်မှတ်တမ်း တင်ခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ဆွေမျိုးများ ဝိုင်းရံထားပြီး ဘီးတပ်ထိုင်ခုံတွင် ထိုင်နေသော အိုကာဝါသည် ဂင်းနစ်မှတ်တမ်း တင်ဂုဏ်ပြု လက်မှတ် လက်ခံရရှိသည့် အတွက် အလွန် ဝမ်းမြောက်မိကြောင်း သူမက ပြောကြား သည်။

အိုကာဝါသည် အိုဆာကာမြို့ရှိ ဂျပန် ကီမိုနိုဝတ်စုံ ကုန်သည်များမှ ဆင်းသက် မွေးဖွားလာသူ တစ်ဦးဖြစ်ပြီး သူမကို ၁၈၉၈ ခုနှစ် မတ် ၅ ရက်က  မွေးဖွား ခဲ့သည်။ သူမသည် ၁၉၁၉ ခုနှစ်တွင် လက်ထပ် ခဲ့ပြီးနောက် သားသမီး သုံးဦး ထွန်းကားခဲ့ပြီး ယခုအခါ အသက် ၉ဝ အရွယ် သားသမီး နှစ်ဦးသာ အသက်ရှင် ကျန်ရစ် ခဲ့သည်။ မြေးလေးဦး၊ မြစ်ခြောက်ဦး ရှိသော အိုကာဝါသည် အသက် ၁ဝ၂ နှစ် အရွယ်တွင် ခြေထောက်ကျိုး ခဲ့သော်လည်း ကျန်းမာရေး ပြဿနာများ မရှိခဲ့ပေ။ သူမသည် ယခုအခါ အသက် ၁၁၅ နှစ်မြောက်  မွေးနေ့နှင့် နီးကပ်လာပြီ ဖြစ်ကြောင်း သတင်းဌာန တစ်ခုက ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာလက ဂင်းနစ် မှတ်တမ်းတင်ခဲ့သော အသက် ၁၁၅ နှစ် အရွယ်ရှိ ကမ္ဘာ့ အသက်ကြီးဆုံး ဂျပန် အမျိုးသမီးသည် ဇန်နဝါရီလတွင် သေဆုံးခဲ့ပြီးနောက် အိုကာဝါသည် ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီး ဖြစ်လာ ခဲ့သည်။ ထို့အပြင် အမေရိကန်မှ အသက် ၁၁၅ နှစ် ကျော်ရှိ အမျိုးသမီးမှာ သေဆုံး ခဲ့ပြီးနောက် သူမသည် တစ်ဦးတည်းသော ကမ္ဘာ့ အသက်ကြီးဆုံး အမျိုးသမီး ဖြစ် လာသည်။(အင်တာနက်)

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...