
ဘရပ်ဆဲလ် မတ် ၁
ဘယ်လ်ဂျီယံ နိုင်ငံပိုင် အန္တာတိက သုတေသန
စခန်းမှ နိုင်ငံတကာ သိပ္ပံပညာရှင်များ အဖွဲ့သည် ၂၅ နှစ်တာ နီးပါးကာလ
အတွင်းတွင် ဥက္ကာခဲ အစိတ်အပိုင်းကြီး တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီး
ထိုဥက္ကာခဲ အကူအညီဖြင့် နေ စကြဝဠာ စနစ်၏ လျှို့ဝှက်ချက် များကို
ဖော်ထုတ်လေ့လာ သွားမည် ဖြစ်ကြောင်း သိရသည်။
Princess Elisabeth သုတေသန စခန်းမှ
ပညာရှင် များသည် အန္တာတိတ်နှင့် အနီး တစ်ဝိုက်တွင် ဥက္ကာခဲ အစိတ်အပိုင်း ၄၂၅
ခုကို တွေ့ရှိခဲ့ကြောင်း သုတေသန အခြေစိုက် စခန်းမှ သိပ္ပံပညာရှင် များက ၁၈
ကီလိုဂရမ် (ပေါင် ၄ဝ နီးပါး) အလေးချိန် ရှိသည့် ဥက္ကာခဲ အစိတ်အပိုင်း
တစ်ခုကို အန္တာတိတ် အရှေ့ပိုင်း ဒေသရှိ Nansen (နန်ဆန်) ရေခဲပြင် ပေါ်တွင်
ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း ဖေဖော် ဝါရီ ၂၈ ရက်က ထုတ်ပြန်သော
အစီရင် ခံစာ တစ်စောင်တွင် ဖော်ပြ ထားသည်။
ထိုဥက္ကာခဲ အစိတ်အပိုင်းကို မမျှော်လင့်ဘဲ
တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ ကြီးမားသော ဥက္ကာခဲကြီးကို အန္တာတိက
ဒေသတွင် သာမန်အားဖြင့် ရှာဖွေတွေ့ရှိ ဖူးခြင်း မရှိကြောင်း Libre de
Bruxelles တက္ကသိုလ်မှ ဘူမိဗေဒ ပညာရှင် Vinciane Debaille က ပြောကြား
ခဲ့သည်။
ထို့ပြင် နေစကြဝဠာ စနစ် မည်သို့ ဖွဲ့စည်းထားပုံ၊ ဆင့်ကဲ ပြောင်းလဲဖြစ် ပေါ်လာပုံနှင့် ကမ္ဘာပေါ်တွင် ဂြိုဟ်များ
ဖြစ်ပေါ်လာပုံ တို့ကို ပို၍ နားလည်
သိရှိစေရန် အတွက် အဆိုပါ ဥက္ကာခဲ အစိတ်အပိုင်းကို လေ့လာမှုများ ပြုလုပ်
သွားမည် ဖြစ်ကြောင်း Debaille က ထပ်လောင်း ပြောကြား ခဲ့သည်။
ဥက္ကာခဲ များသည် သာမန်အားဖြင့် သေးငယ်ပြီး
လေထုထဲတွင် မီးလောင် ပေါက်ကွဲမှုကြောင့် ကြယ်ကြွေ သကဲ့သို့ ဆင်းသက် လာခြင်း
ဖြစ်ကြောင်း၊ သို့သော်လည်း ရုရှားနိုင်ငံ ယူရယ်ဒေသတွင် ဥက္ကာခဲ ကျရောက်
မှုကြောင့် လူဦးရေ ၁၂ဝဝ ခန့် ဒဏ်ရာ ရရှိခဲ့ပြီး ၄င်းဒေသ တစ်ဝန်းရှိ
အဆောက်အအုံ အများအပြား ပျက်စီး ခဲ့ကြောင်း သိရသည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။