
ကမ္ဘာမှာ တစ်ဘက်ဘက် ကိုယိုင်နေ ၊ စောင်းနေတဲ့ မျှော်စင်တွေ ၊
အဆောက်အသီးတွေ ရှိပါတယ်။ တစ်ချို့ဗိသုကာ များက တမင်ပင်
စောင်းနေအောင် လုပ်ထားတက်ကြပါတယ်။ ဒါပေမယ့် ဒီ အဆောက်အဦး
ကတော့ စောင်းနေတာ အခုမှမဟုတ် တည်ဆောက်ထားတာကြာပါပြီ။
Huqiu Tower ဟု ယခုအမည်ရ တဲ့ ဒီဘုရားကျောင်းကို တရုတ်နိုင်ငံ ၊
စူချောင်း မြို့မှာ တည်ရှိပါတယ်။ 907 AD မှာစတင်တည်ဆောက်ခဲ့ပြီး
961 AD မှာပြီးစီးခဲ့ပါတယ်။

ဒီမျှော်စင်ကို စဆောက်ကာစက လက်ယာဘက်ကို
စောင်းနေခဲ့ပါတယ်။ ရန်သူများဝင်ရောက်ဖျက်စီးခဲပသည့် နှစ်ပေါင်း
၈၂၇ နှစ်ကြာအောင်တည်ရှိခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဒီဘုရားကျောင်းကို
ပြန်လည်ပြီး တည်ဆောက်ခဲ့ပါတယ်။ ဒီတခါဆောက်တော့ အဆောက်အဦး
ဟာ လက်ဝဲဘက်ကို စောင်းနေတာ နှစ်ပေါင်း ၄၀၀ကျော် ၅၀၀နီးပါး နှစ်ကြာပါပြီ။

သူငယ်ချင်းတို့သွားရောက်လည်ပတ်နိုင်တယ်နော်...
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ...........နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။