မြန်မာ ကလေးငယ်တစ်ဦးဖြစ်သူ အသက် ၁ နှစ် အရွယ်ရှိ မလဲ့ရတီမင်းသည်
လက်နှစ်ဘက်တွင် လက်ချောင်း ၁၂ ချောင်းနှင့် ခြေနှစ်ဘက်တွင်
ခြေချောင်းလေးများ ၁၄ ချောင်း ပါရှိသောကြောင့် ကမ္ဘာ့လက်ချောင်း ခြေချောင်း
အများဆုံး လူသားအဖြစ် ကမ္ဘာ့စံချိန်ချိုးက ဂင်းနစ်မှတ်တမ်းတွင်
ပါဝင်ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဥက္ကလာပမြို့နယ်တွင် မိခင်ဖြစ်သူ၊ အမဖြစ်သူတို့နှင့် အတူ နေထိုင်လျက်သော အဆိုပါ ကလေးငယ်သည် လက်တစ်ဘက်တွင် လက်ချောင်း ၆ ချောင်းစီဖြင့် နှစ်ဘက်တွင် ၁၂ ချောင်း ခြေတစ်ဘက်တွင် ခြေချောင်းလေး ၇ ချောင်းစီဖြင့် နှစ်ဘက်တွင် ၁၄ ချောင်း စုစုပေါင်း ၂၆ ချောင်း ပါဝင်ကာ လာမည့် ၂၀၁၂ ဂင်းနစ် ကမ္ဘာ့မှတ်တမ်းများ စာအုပ်တွင် ပုံနှိပ်ဖော်ပြခံရဖွယ် ရှိသည်။

လက်ရှိအချိန်တွင် လက်ချောင်း ၁၂ ချောင်းနှင့် ခြေချောင်း ၁၃ ချောင်း ပါရှိသောကြောင့် ကမ္ဘာ့လက်ချောင်း ခြေချောင်းအများဆုံး လူသားအဖြစ် ဂင်းနစ်စာအုပ်တွင် မှတ်တမ်းတင်ခံရသူများမှာ အိန္ဒိယနိုင်ငံရှိ ကလေးငယ် နှစ်ဦးဖြစ်ပြီး တစ်ဦးမှာ ၅ နှစ်အရွယ်ရှိကာ ကျန်တစ်ဦးမှာ ၁၅ နှစ်ဖြစ်သည်။
ref:PatheinCity News

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။