တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန် ဒေသမြို့တော် Zhangjiajie တွင် တရုတ် ရေခဲလူသား Jin Songhao သည် ရေခဲတုံများ ထည့်ထားသော ပလပ်စတစ် မှန်ပုံးထဲတွင် ရေကူးဘောင်းဘီ ဝတ်ဆင်ပြီး မိနစ် ၁၂၀ ကြာ နေထိုင်ပြကာ ကမ္ဘာ့ ရေခဲလူသားအဖြစ် ဇန်နဝါရီ (၃)ရက် တနင်္လာနေ့က စံချိန်သစ် တင်လိုက်ကြောင်း သိရသည်။
Jin Songhao နှင့် အခြားပြိုင်ဘက် တစ်ဦးဖြစ်သော Chen Kecai တို့သည် ရေခဲဒဏ် ခံနိုင်ရည်ရှိမှု စွမ်းရည် ပြိုင်ဆိုင်ကြရာ ၎င်းတို့နှစ်ဦးသည် ခန္ဓာကိုယ်တွင် ရေကူးဘောင်းဘီမှ လွဲ၍ ဘာမှမဝတ်ဆင်ဘဲ ရေခဲတုံးများနှင့် အတူ လူတစ်ရပ်ကျော် မြင့်သော ပလပ်စတစ် မှန်ပုံးထဲတွင် နေထိုင်ပြခဲ့သည်။
Jin Songhao က ရေခဲတုံးများကြားတွင် မိနစ် (၁၂၀) ကြာ နေထိုင်ကာ ယခင်စံချိန်ဟောင်းဖြစ်သော ရေခဲလူသား Win Hof ၏ စံချိန်ကိုချိုးကာ စံချိန်သစ်တင်ခဲ့သည်။ ပြိုင်ဘက်ဖြစ်သူ Chen Kecai မှာ Jin Songhao ထက် ၂ မိနစ် လျော့နည်းပြီး (၁၁၈) မိနစ် နေနိုင်ခဲ့သည်။ ယခင် ကမ္ဘာ့စံချိန်ဟောင်းမှာ ဒါတ်(ချပ်) လူမျိုး ရေခဲလူသား Win Hof ၏ စံချိန်ဖြစ်ပြီး ရေခဲထဲတွင် (၁၁၅) မိနစ်ကြာ နေနိုင်ခဲ့သည်။





မြို့တော်ပုသိမ် သတင်းစဉ်

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။