ဒဏ္ဍာရီများထဲ၌သာရှိပြီး ပြင်ပ၌အမှန်တကယ်တည်ရှိကြောင်း သက်သေပြနိုင်ခြင်းမရှိသေးသည့် ချူပါကာဘရာဟုခေါ်သော အကောင်ဟု ယူဆရသည့် သတ္တ၀ါတစ်ကောင်ကို ကန်တက်ကီပြည်နယ် လက်ဘနွန်ဂျန်းရှင်းအရပ်၌ တွေ့ရှိရကြောင်း DM သတင်းဌာနက ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ဖော်ပြခဲ့သည်။ အမွေးပြောင်ပြောင်နှင့် မီးခိုးရောင် အရေပြားရှိသော ယင်းအကောင်သည် သစ်တောထဲမှထွက်လာပြီး အိမ်တစ်အိမ်၏ ဥယျာဉ်ထဲသို့အ၀င် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။ယင်းအကောင်သည် ပူအာတိုရီကို၌ လွန် ခဲ့သည့် ၁၅ နှစ်က သတ္တ၀ါများကို သွေးစုပ်ကာ ထူးဆန်းစွာ သေဆုံးစေခဲ့သည့် ချူပါကာဘရာခေါ် ထူးဆန်းသည့် ဒဏ္ဍာရီလာ သတ္တ၀ါတစ်ကောင်ဟု ဆိုကြသည်။
@ပြည်မြန်မာ