• ကြံ့၏ဦးချိုသည် ကျစ်ခဲသောအမွေးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
  • ကြွတ်တစ်ကောင်၏ သွားများသည် မည်သည့်အခါတွင်ကြီးထွားခြင်းရပ်တန့်မသွားပေ။ သူတို့၏သွားများသည် သစ်ခေါက်များ၊သစ်ရွက်များနှင့်အခြားဟင်းသီးဟင်းရွက်များကို ကိုက်ဝါးသည့်အခါအမြဲမပြတ်ကျိုးပဲ့ကာ သွားတက်သည်။
  • ဆော်ဒီအာရေဗျနိုင်ငံ ဥပဒေတွင် ဇနီးသည်တစ်ယောက်သည်သူ့အားကော်ဖီမတိုက်လျှင်  ခင်ပွန်းသည်အားကွာရှင်းခွင့်ရှိသည်။
  • ငါးမန်းတစ်ကောင်သည် သီတင်းတစ်ပတ်အတွင်းသွားအသစ်တစ်စုံပြန်ပေါက်နိုင်သည်။
  • တစ်လက်မ၏လေးပုံတစ်ပုံသာရှိသော ဆီလီကွန်ချစ်ပ်တစ်ချပ်သည် ၁၉၄၉ မော်ဒယ်ENIAC မူရင်းကွန်ပျူတာ၏ သိုမှီထားနိုင်စွမ်းနှင့် ညီမျှသည်။အဆိုပါကွန်ပျူတာသည် မြို့တစ်မြို့၏ဘလောက်တစ်ခုစာခန့်ရှိသည်။
  • ပုံမှန်အရွယ်အစားရှိ ၀က်သစ်ချပင်တစ်ပင်သည် ကြီးထွားနေသည့်တစ်ရာသီအတွင်းရေငွေ့ ၂၈၀၀၀ ဂါလန်ထုတ်ပေးနိုင်သည်။
  • ပက်ကျိတစ်ကောင်တွင် သွားပေါင်း ၂၅၀၀၀ အထိရှိနိုင်သည်။
  • သင်၏ခန္ဓာကိုယ်တွင် တစ်မိနစ်လျှင် ဆဲလ်ပေါင်းသန်း ၃၀၀၀ခန့်ပျက်စီးလျက်ရှိသည်။
  • လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ခန့်က အီဂျစ်လူမျိုးအများစုသည် အသက် ၃၀နှစ်အရွယ်ခန့်တွင်    သေဆုံးခဲ့ကြသည်။
  • ကမ္ဘာပေါ်ရှိ အားလုံးသောသက်ရှိသတ္တ၀ါများ၏ ၇၀ ရာခိုင်းနှုန်းသည်ဘက်တီးရီးယားများဖြစ်ကြသည်။
  •