တရုတ်နိုင်ငံ ဟေလောင်ကျန်းပြည်နယ်မှ ရဲအရာရှိ မာကွမ် (၄၈ နှစ်)သည်နာကျင်မှုကို ခံနိုင်ရည်ရှိလွန်းသူအဖြစ်ကျော်ကြားသည်။ သူသည် ကွန်ဖူးပညာကို နှစ် ၂၀ ကျော် လေ့လာ လိုက်စားခဲ့သောကြောင့် သူသည် နာကျင်မှုကို ခံနိုင်ရည်ရှိသကဲ့သို့ ဒဏ်ရာရရှိခြင်းလည်း မရှိဟုဆိုသည်။သူသည် ဒီဇင်ဘာလ ၁၇ရက်နေ့က သရုပ်ပြပွဲတစ်ခုတွင် သူ၏ ဦးခေါင်းပေါ်၌ အုတ်ခဲများတင်ပြီး ဧရာမတူကြီးဖြင့် ထုချမှုကိုခံယူခဲ့ရာ အုတ်ခဲများအစိပ်စိပ်အမြွှာမြွှာ ကျိုးကြေသွားသော် လည်း သူသည် နာကျင်မှုမရှိရုံမျှမက ဒဏ်ရာရရှိခြင်းပင် အလျှင်းမရှိဟု ဆိုသည်။

၎င်းအပြင် သူသည် သံမဏိလှံဖြင့် လည်ချောင်းဆီသို့ အားပြင်းပြင်းဖြင့် အထိုးခံခြင်း၊ လေးလံလှသောကျောက်တုံးကြီးကို လေထဲသို့ပစ်မြှောက်ကာ ခေါင်းဖြင့်တိုက်ပြခြင်း တို့ကိုပါပြုလုပ်ပြခဲ့ကြောင်း သိရသည်။
@ပြည်မြန်မာ