ထူးဆန်းလှသော Antarctica မှ သွေးစီးချောင်းကြီး



Anarctica မှာ ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့နေရာတွေအများကြီးထဲကမှ ဒီနေရာလေးဟာ တစ်ခုအပါအ ၀င်ဖြစ်ပါ တယ် ။ ၁၉၁၁ ခုနှစ်ထဲက ရှာတွေ့ခဲ့ကြပေမယ့် အခုအချိန်အထိကို ဒီသွေးစီးချောင်းဟာ ဒဏ္ဍာရီသဖွယ် ဖြစ်နေ တုန်းပါပဲ ။


ရေခဲတောင်ကနေ ထွက်လာတဲ့ သွေးစီးချောင်းကြီးကို မြင်ရတော့ သင်ဘယ်လိုတွေးထင်မိပါသလဲ ။ ထူးဆန်း မနေဘူးလား ။ အကြောင်းရင်းအမှန်ကို သင်စုံစမ်းချင်တယ်ဆိုရင်တော့ အေးခဲနေတဲ့ Antarctica မှ Taylor Glacier ကို အလည်အပတ်သွားရောက်ဖို့တော့လိုပါတယ် ။ ပထမတော့ သိပ္ပံပညာ ရှင်တွေတွေး ထင်တာ ကတော့ ဒီလို အနီရောင်သွေးစီးကြောင်းတွေရှိဖြစ်နေခြင်းဟာ ရေခဲပြင်အောက်က အနီရောင်ရေ ညှိတွေကြောင့် ဖြစ်ပါလိမ့်မယ်လို့ ယူဆခဲ့ကြတယ် ။



ဒါပေမယ့် နောက်ထပ်လေ့လာသူတွေရဲ့ပြောဆိုချက်အရတော့ ဒီလို သွေးအရာင်တွေဖြစ်နေ ရခြင်းဟာ နောက် ထပ် အံ့သြ ဖွယ်ရာတစုံတရာ ရှိနေသေးတယ်လို့ဆိုပါတယ် ။

ဘာကြောင့် အနီရောင်သွေးစီးချောင်းကြီးဖြစ်လာသလဲဆိုတာကို သိပ္ပံနည်းကျ တွေးဆထားကြပုံပါ ။

ဒီ Antarctica မှာ ဒဏ္ဍာရီ တစ်ပုဒ်ရှိပါတယ် ။ လွန်ခဲ့တဲ့ နှစ်ပေါင်း 2 million လောက်တုန်းက Taylor Glacier ရဲ့အောက် မှာ ရေကန်သေးသေးလေးဟာ ရေခဲတွေနဲ့ ပိတ်ဆို့ခြင်းခံခဲ့ရတယ် ။ အိုး ..အံ့သြဖို့မကောင်းဘူးလား အဲဒီက တည်းက ရှိနေတဲ့ ရေကန်ထဲမှာ အသက်ရှင်နေတဲ့ အလွန်ရှေးကျတဲ့ ရေသတ္တ၀ါတွေလည်းရှိနေခဲ့တယ် ။ ဒီလို မမြင်ရတဲ့ အကောင်တွေဟာ အောက်ဆီဂျင်မရှိပဲ ၊ အလင်းရောင်မရှိပဲ ၊ အပူချိန်မရှိပဲ အသက် ရှင်နေကြတယ် ။



တဖြည်းဖြည်း ကမ္ဘာမြေအပူချိန်ရလာတဲ့အခါ ဒီကောင်တွေဟာ ကမ္ဘာဦးကတည်ူးက ဒီရေကန်ထဲကနေ တဖြည်းဖြည်း စိမ့်ထွက်လာကြပြီး ကမ္ဘာတ၀ှမ်းက သက်ရှိသတ္တ၀ါတွေဖြစ်ကုန်ကြတယ်လို့ဆိုပါတယ် ။



စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ဒီသွေးစီးချောင်းကြီးဟာ Red Algae တွေကြောင့်မဟုတ်ဘူးဆိုရင် ဘယ်လို ကြောင့် သွေးတွေ ဟာ အဖြူရောင်ရေခဲပြင်တွေအပေါ် စီးဆင်းနေရပါသလဲ ။ ယနေ့ထက်တိုင် သိပ္ပံပညာ ရှင်တွေ တိတိကျကျ အဖြေမထုတ်နိုင်ကြသေးပါဘူး ။