Friday, August 4, 2017

လှပသောအပြင်အဆင်များနှင့် စာအုပ်စတိုးဆိုင်

တရုတ်နိုင်ငံ ၊ Jiangsu ပြည်နယ် ၊ Suzhou မြို့ရှိ Zhongshuge စာအုပ်အရောင်းဆိုင်၏ ဒီဇိုင်းဆန်းပြားလှပသော အပြင်အဆင်များကြောင့် နာမည်ကျော်လာခဲ့ပါသည်။ ၁၃၀၀ စတုရန်းမီတာ အကျယ်အဝန်းရှိ အဆောက်အဦတွင် အပိုင်း ၄ ပိုင်း ခွဲခြားထားကာ မတူညီသော အပြင်အဆင် တစ်မျိုးစီဖြင့် အလှဆင်ပြသထားခြင်း ဖြစ်ပါသည်။

Rainbow Valley,” “Firefly Cave,” “Crystal Place,” and “Children’s Castle” စသည်ဖြင့် အပိုင်း ၄ ပိုင်းကို သီးခြားအမည်များ ပေးထားကာ ဆန်းသစ်လှပသော ဒီဇိုင်းများဖြင့် မြင်သူတကာ ငေးမောရစေပါသည်။ စာအုပ်များကို ရွေးချယ်နိုင်ရန် စီစဉ်ပေးထားသလို ထိုင်ဖတ်နိုင်အောင်လည်း စီစဉ်ပေးထားပါသည်။
Zhongshuge စာအုပ်အရောင်းဆိုင်များအနေဖြင့် တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် ထိုကဲ့သို့ စာအုပ်သတိုးများ ၈ ဆိုင်အထိ ဖွင့်လှစ်ပေးထားပါသည်။ ထို စာအုပ်စတိုးဆိုင်များသည်လည်း တစ်ဆိုင်စီအတွက် ခြားနားသော ဒီဇိုင်းအပြင်အဆင်များဖြင့် ဖန်တီးပေးထားပါသည်။





သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...