Jewel လှိုဏ်ဂူကြီးသည် အမေရိကန်နိုင်ငံ တောင်ဒါကိုတာ မှာတည်ရှိသည့် ကမ္ဘာကျော်လှိုဏ်ဂူကြီး ဖြစ်ပါသည်။ ကမ္ဘာ့အရှည်ဆုံး လှိုဏ်ဂူများတွင် တတိယအရှည်ဆုံးလှိုဏ်ဂူကြီး ဖြစ်ပြီး 292.7 km (181.9 မိုင် ) ရှည်ပါသည်။
Jewel လှိုဏ်ဂူကြီးသည် မြေအောက်အနက် ၇၂၃ ပေ မှာ တည်ရှိနေပြီး လှိုဏ်ဂူလမ်းခွဲပေါင်း များစွာဖြင့် ရှုပ်ထွေးစွာ တည်ရှိနေခြင်း ဖြစ်ပါသည်။
Jewel လှိုဏ်ဂူကြီးသည် မြေအောက်အနက် ၇၂၃ ပေ မှာ တည်ရှိနေပြီး လှိုဏ်ဂူလမ်းခွဲပေါင်း များစွာဖြင့် ရှုပ်ထွေးစွာ တည်ရှိနေခြင်း ဖြစ်ပါသည်။

Jewel လှိုဏ်ဂူကြီးကို 1900ခုနှစ်မှာစတင်တွေ့ ရှိခဲ့ပြီး 7th Feb, 1908 မှာအမျိုးသားဥယျဉ် အဖြစ်သတ်မှတ် ဖွင့်လှစ်ခဲ့ပါသည်။ ရှိပါတယ်။ခရီးသွားဧည့်သည်တွေဟာတစ်နှစ် တစ်နှစ်ကို 109,000 ခန့် လည်ပတ်ကြတယ်လို့ ခန့် မှန်းကြပါသည်။

လှိုဏ်ဂူလမ်းခွဲများ ရှုပ်ထွေးများမြောင်ပြီး အစိတ်အပိုင်းတော်တော်များများသည် ခရီးသွားများ ၀င်ရောက်ကြည့်ရှု့၍ မရသေးပါ။ ၁၈၁.၉ မိုင်တောင် ရှည်လျားပါသဖြင့် အကုန်အစင် ကြည့်ဖို့လည်း မလွယ်ပါ။

Jewel လှိုဏ်ဂူကြီးတွင် ကြီးမားလှပလွန်းသည့် ကျောက်စက်ပန်းဆွဲ နှင့် မိုးမျှော်တိုင်ကြီးများ တည်ရှိနေသလို အဆင့်ဆင့် အထပ်ထပ်ဖြင့် မြေအောက်ကမ္ဘာသစ်တစ်ခုကို ရောက်ရှိသွားသလို ခံစားရစေမည် ဖြစ်ပါသည်။
Oct 12, 2012 မှ ပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြထားပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။