Friday, December 23, 2016

တရုတ်၏ စက္ကူတီထွင်နိုင်မှုသမိုင်း သည် ယခင် ထင်မှတ်ထားသည်ထက်ပိုစောနေ

နန်ကျင်း၊ နိုဝင်ဘာ ၂၉ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မှ ရှေးဟောင်းသုတေသနပညာရှင်တစ်ဦး ဖြစ်သည့် လီရှောင်ချန်း က ရှေးဟောင်း စက္ကူအပိုင်းအစတစ်ခု အား ရှာဖွေတွေ့ရှိခဲ့ကြောင်း ကြေညာခဲ့ပြီး ယင်းစက္ကူသည် တရုတ်နိုင်ငံတွင် စက္ကူပြုလုပ်သော နည်းပညာအား တီထွင်ခဲ့သည့် Cai Lun အမည်ရှိ တရုတ်လူမျိုး မတိုင်မီ လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀ မှဖြစ်ကာ အစောဆုံး စက္ကူပြုလုပ်မှု ၏ ထင်ရှားသော သက်သေအထောက်အထားတစ်ခု ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက္ကူအပိုင်းအစသည် ၅စင်တီမီတာ ရှည်လျားကာ အကျယ် ၂စင်တီမီတာရှိပြီး ၎င်းအား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်းစုပြည်နယ် တွင် ၁၉၈၆ခုနှစ်က တူးဖော်ရရှိခဲ့ကြောင်း နှင့် ၂၀၁၂ခုနှစ်အထိ ယင်းစက္ကူအပိုင်းအစ အား သတိပြုစစ်ဆေးမှု မရှိခဲ့ကြောင်း သိရသည်။

လီသည် ၎င်း၏တွေ့ရှိမှုအား တရုတ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဂရိနိုင်ငံ နှင့် ပီရူးနိုင်ငံ မှ ရှေးဟောင်းသုတေသန ပညာရှင်ပေါင်း ၁၆၀ကျော်တက်ရောက်ခဲ့သော မကြာသေးမီကပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတစ်ခု၌ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...