Friday, December 23, 2016

ဘယ်လ်ဂျီယံနိုင်ငံ၏ ဘီယာပွဲတော်ကို ယူနက်စကို ကမ္ဘာ့ အမွေအနှစ်စာရင်းသွင်း

ဘရက်ဆဲလ် ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)
ဘယ်လ်ဂျီယံနိုင်ငံ၌ ကျင်းပမြဲဖြစ်သော ဘီယာပွဲတော်ကို ကမ္ဘာ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့ ယူနက်စကို(UNESCO) ၏ ယဉ်ကျေးမှုအမွေအနှစ် တစ်ခုအဖြစ် နိုဝင်ဘာလ ၃ဝရက်က စာရင်းသွင်းခဲ့ကြောင်း သိရသည်။

ထို့ ပြင် ယူနက်စကိုအဖွဲ့ သည် ဘယ်လ်ဂျီယံနိုင်ငံ၏ ရိုးရာဘီယာထုတ်လုပ်သည့်အတတ်ပညာ ကျွမ်းကျင်မှုအပိုင်းကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ဘီယာလုပ်ငန်းကို အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ဘယ်လ်ဂျီယံနိုင်ငံ၏ ဘာသာရပ်ဆိုင်ရာ အသိုင်းအဝန်းသုံးခု ( ဒတ်ခ်ျ့ ၊ ပြင်သစ် ၊ ဂျာမနီ) ၏ ယဉ်ကျေးမှုဝန်ကြီးများကလည်း ဘာသာစကား သုံးမျိုးဖြင့် ဘီယာပွဲတော် ယူနက်စကိုစာရင်းဝင်ခဲ့သည့် သတင်းကို ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
(Xinhua)

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...