Thursday, September 28, 2017

သမိုင်းဝင်ရှေးဟောင်းလက်ရာများစွာဖြင့် ကရင်ပြည်နယ်မှ ကော့ဂွန်းလှိုဏ်ဂူတော်ကြီး

ကရင်ပြည်နယ်တွင် ထင်ရှားကျော်ကြားသော လှိုဏ်ဂူကြီးများ များစွာရှိပါသည်။ ထိုလှိုဏ်ဂူများထဲတွင် ရှေးဟောင်းသမိုင်းတန်ဖိုးကြီးမားလှသော ရုပ်ပွားတော်များ ၊ ကျောက်စာများ ၊ အုတ်ခွက်ဘုရားများလည်း များစွာရှိကြပါသည်။ ထိုထင်ရှာကျော်ကြားသော ကရင်ပြည်နယ်မှ လှိုဏ်ဂူကြီးများတွင် ကော့ဂွန်းလှိုဏ်ဂူတော်ကြီးသည် ရှေးဟောင်းလက်ရာများ အများဆုံးကျန်ရှိနေပြီး ၊ မြန်မာ့ရှေးဟောင်းခေတ်သမိုင်းတစ်ခု၏ အနုပညာနှင့် ဗိသုကာအတတ်များကို အံ့သြစရာကောင်းလှစွာ တွေ့မြင်ရသည့် ရှေးဟောင်းလှိုဏ်ဂူတစ်ခုဖြစ်ပါသည်။ မြန်မာပြည်တွင် လူသိများကျော်ကြားလှသည့် လှိုဏ်ဂူကြီးလည်း ဖြစ်ပါသည်။

Photo - Naykhayan
ကောဂွန်းဂူသည် ဘားအံမြို့မှ ၈ မိုင်ခန့် ၊ သံလွင်အနောက်ဘက်ရှိ ကော့ဂွန်းကျေးရွာမှ ၂ ဖာလုံခန့်
အကွာတွင် တည်ရှိပြီး အမြင့်ပေ ၁၀၀၀ ၊ အလျားပေ ၆၀၀၀ ခန့်ရှိသော ထုံးကျောက်တောင် အမျိုးအစား ကော့ဂွန်းတောင်တွင် တည်ရှိပါသည်။ ယခုအခါ လမ်းပန်းအဆက်အသွယ် ကောင်းမွန်နေပြီး နွေ ၊ မိုး ၊ ဆောင်း သုံးရာသီလုံး သွားရောက်နိုင်နေပြီ ဖြစ်ပါသည်။

Photo - Naykhayan 
လှိုဏ်ဂူသည်  အလျား ပေ-၁၃၀၊ အနံ ပေ-၇၀ ၊ အမြင့် ၂၅-ပေ ခန့်ရှိပြီး တစ်ဖတ်ပိတ်ဂူ အမျိုးအစားဖြစ်ကာ အတွင်းဘက်ကို အနည်းငယ်သာ ၀င်ရောက်နိုင်ပါသည်။ လှိုဏ်ဂူမှာ သိပ်အကျယ်ကြီး မဟုတ်သော်လည်း ဂူဝမရောက်ခင် အ၀င်ဘက်လျောက်လမ်းဘက် မှာကတည်းက ရုပ်ပွားတော်များ ၊ တောင်နံရံတွင် ကပ်ကာ ပြုလုပ်ထားသည့် များပြားလှသည့် ရှေးဟောင်းအုတ်ခွက် ဘုရားများကို ဖူးမျှော်ရမည် ဖြစ်ပါသည်။

Photo - Naykhayan 
ကော့ဂွန်းဂူအ၀သည် ကျောက်ကမ်းပါးအမိုး၏ အနောက်တွင် အရှေ့ဘက်ကိုမျက်နှာမူပြီး တည်ရှိပါသည်။ ဂူအတွင်း၌ ကျောက်စက်ပန်းဆွဲ ၊ ကျောက်စက်မိုးမျှော်များလည်း ရှိပါသည်။ အတွင်း၌ ထိုင်တော်မူ ရုပ်ပွားတော်များ အမျာအပြားအပြင် ၊ လျောင်းတော်မူ ရုပ်ပွားတော်များ ၊ မတ်ရပ်ရုပ်ပွားတော်အပြင် ဂူနံရံ နှင့် ဂူအမိုးတွင် များပြားလှသော အုတ်ခွက်ဘုရားပုံတော်များကို ဖူးမျှော်ရပါသည်။ထိုအုတ်ခွက်ဘုရားများ အများစုသည် ရှေးဟောင်းလက်ရာ အစစ်များကျန်ရှိနေပါသေးသည်။

Photo - Naykhayan 
ကော့ဂွန်းဂူကြီးမှာ ရှိကြသော အနုပညာလက်ရာများသည် မည်သည့်အချိန်က စတင်ခဲ့ကြသည်ကို
တိကျသော သမိုင်းဆိုင်ရာ အထောက်အထားတွေတော့ မသိရသေးပါဘူး။ ဒါကလည်း
ရာစုနှစ် အဆက်ဆက် အနုပညာလက်ရာများကို တွေ့ရှိကြရသောကြောင့် ဖြစ်ပါသည်။

Photo - Naykhayan 
ပုဂံခေတ် ၁၁ ရာစုခေတ်လက်ရာများထက်စောပြီး ရှေးကြသော လက်ရာများနှင့် ကဗျည်းကျောက်စာ
များကိုလည်းတွေ့ရပါသည်။ သမိုင်းပညာရှင်များကတော့ အေဒီ ၇ ရာစု ခေတ်လောက်ကဟု
သတ်မှတ်ကြပါသည်။ ဒါကလည်း ဒီဂူထဲမှာ ရှိတဲ့လက်ရာများတွင် ထေရ၀ါဒ ဗုဒ္ဓရုပ်ပွားတော်များ
သာမက ဟိန္ဒူ ၊ သျှီဝ စသည့် နတ်ကိုးကွယ်မှု့နှင့်သတ်ဆိုင်သည့် ကျောက်စာတွေ၊ ရုပ်လုံးရုပ်ကြွတွေ
ကိုပါ တွေ့မြင်ရသောကြောင့်ဖြစ်ပါသည်။ လှိုဏ်ဂူတော်အ၀င်ဝတွင်လည်း အေဒီ ၇ ရာစု လက်ရာ ကော့ဂွန်းလှိုဏ်ဂူကြီး အဖြစ် ဆိုင်းဘုတ်တင်ထားပါသည်။

Photo - Naykhayan 
ကော့ဂွန်းလှိုဏ်ဂူတွင် ဟိန္ဒူ ၊ သျှီဝ စသည့် နတ်ကိုးကွယ်မှု့နှင့်သတ်ဆိုင်သည့် ကျောက်စာတွေ၊ ရုပ်လုံးရုပ်ကြွများကိုလည်း တွေ့မြင်ခဲ့ရပါသည်။ ထို့ပြင် ကော့ဂွန်းလှိုဏ်ဂူကြီးအတွင်းမှ ရုပ်ပွားတော်များ၏ လက်ရာများသည်လည်း ခေတ်အဆက်ဆက် ဗိသုကာလက်ရာများကို တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့် ကော့ဂွန်းလှိုဏ်ဂူသည် ပုဂံခေတ်ထက် ရှေးကျခဲ့ပြီး ၊ ပုဂံခေတ်၏ ရှေးဟောင်းအုတ်ခွက် နံရံကပ်ဘုရားများအပြင် ခေတ်အဆက်ဆက် ရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာ လှိုဏ်ဂူဖြစ်ပါသည်။

Photo - Naykhayan 
လက်ရှိပြောကြသည့် သမိုင်းဆိုင်ရာတို့ကတော့ ၁၁ ရာစုအလယ်လောက်တွင် ပုဂံဘုရင် အနော်ရထာမင်းသည် သထုံပြည်ဘုရင် မနူဟာမင်းကို စစ်မက်ပြုပြီး အနိုင်ယူခဲ့ပါသည်။ ထို့ကြောင့် စစ်ဘေးရှောင် မုတ္တမမိဖုရားသည် ထိုကော့ဂွန်းဂူသို့ ရောက်ရှိပုန်းအောင်းနေပါသည်။ ထို့နောက်တွင် ထိုဂူအတွင်း၌ စေတီတွေ ၊ ဗုဒ္ဓဆင်းတုတော်များကို ထုလုပ်ကိုးကွယ်ခဲ့ကြကြောင်း ဆိုပါသည်။ မုတ္တမ မိဖုရာကြီးသည် ပုန်းအောင်းနေစဉ်အတွင်းမှာ ခံစားနေရတဲ့ ဝေဒနာဝဠ်ကြွေးတွေကို ကျေစေလိုသောကြောင့် ဆုတောင်းပြည့် “အကြွေးကြေဘုရား” တစ်ဆူလဲ တည်ထားခဲ့ကြောင်း ဆိုပါသည်။ သို့ပေမယ့် ထိုကာလမတိုင်ခင်အချိန်ကတည်းက နံရံကပ်ရုပ်ပွားတော်များ ထုလုပ်ကိုးကွယ်ခဲ့ကြသည့် အထောက်အထားများလည်း များစွာ ရှိကြသည်ဟုဆိုပါသည်။

Photo - Naykhayan 
( ကော့ဂွန်းလှိုဏ်ဂူ နံရံ နှင့် အမိုးတွင် ကပ်ထားသော အုတ်ခွက်ဘုရားများ )
အရင်တုံးက ထိုဂူထဲတွင် နံရံကပ် အုတ်ခွက်ရုပ်ပွားတော်များ များစွာတည်ရှိခဲ့သည်ဟုဆိုပါသည်။ နှစ်ကာလကြာမြင့်လာသဖြင့် အတော်များများမှာ ပျက်စီးပျောက်ကွယ်မှုများ ဖြစ်ပေါ်ခဲ့ရပါသည်။ အခြားဂူများထက်စာလျှင် ကော့ဂွန်းဂူတွင် အများဆုံး ကျန်ရှိနေသေးပြီး ပြုပြင် မွန်းမံမှုများလည်း ပြုလုပ်နေကြပါသည်။ သို့ပေမယ့် သမိုင်းတန်ဖိုး မပျောက်ပျက်စေပဲ ထိန်းသိမ်းပြုပြင်နိုင်လျှင်တော့ အကောင်းဆုံး ဖြစ်မည် ထင်ပါသည်။

Photo - Naykhayan  
ကရင်ပြည်နယ်မှ ထုံးကျောက်လှိုဏ်ဂူတော်တော်များများတွင် ထိုကဲ့သို့ အုပ်ခွက်ဘုရားများရှိသော ဂူများတော်တော်များပါသည်။ သို့ရာတွင် ကော့ဂွန်းဂူသည် နံရံကပ် အုတ်ခွက်ဘုရားအများဆုံးနှင့် ရှေးကျသော ခေတ်သမိုင်းလက်ရာများကြောင့် ပိုမို ကျော်ကြားလူသိများပြီး သမိုင်းတန်ဖိုး ပိုမိုကြီးမားနေခြင်း ဖြစ်ပါသည်။

Photo - Naykhayan  
ကော့ဂွန်းဂူသည် ကရင်ပြည်နယ်မှ ဆဒ္ဒန်လှိုဏ်ဂူ ၊ ရသေ့ပြန်ဂူတို့ကဲ့သို့ ရှည်လျားကြီးမားခြင်းတော့ မရှိပါဘူး။ ကော့ဂွန်းလှိုဏ်ဂူသည် သဘာဝအလှအပများထက် ဗုဒ္ဓရုပ်ပွားတော်များ ၊ ရှေးဟောင်းအုတ်ခွက်ဘုရားများကို များစွာဖူးမျှော်ရမည်ဖြစ်ပြီး လာရောက်သူများကို စိတ်ကြည်နူးချမ်းမြေ့မှုကို ရရှိစေမည် ဖြစ်ပါသည်။ ကရင်ပြည်နယ်သို့ ရောက်ရှိလျှင် မဖြစ်မနေ သွားရောက်သင့်သော လှိုဏ်ဂူတစ်ခုဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။
Photo - Naykhayan 

Photo - Naykhayan 
( ကော့ဂွန်းလှိုဏ်ဂူ နံရံ နှင့် အမိုးတွင် ကပ်ထားသော အုတ်ခွက်ဘုရားများ )
Photo - Naykhayan 

Photo - Naykhayan 

Photo - Naykhayan 

Photo - Naykhayan 

Photo - Naykhayan 

Photo - Naykhayan 

Photo - Naykhayan 

Photo - Naykhayan 

Photo - Naykhayan 

Photo - Naykhayan 
( ကော့ဂွန်းလှိုဏ်ဂူ နံရံ နှင့် အမိုးတွင် ကပ်ထားသော အုတ်ခွက်ဘုရားများ )
 
Photo - Naykhayan 

Photo - Naykhayan 
( ကော့ဂွန်းလှိုဏ်ဂူ နံရံ နှင့် အမိုးတွင် ကပ်ထားသော အုတ်ခွက်ဘုရားများ )
 
Photo - Naykhayan 

Photo - Naykhayan 

Photo - Naykhayan 

Photo - Naykhayan 

Photo - Naykhayan 

Photo - Naykhayan 

သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...