Tuesday, February 4, 2020

စိတ်ဝင်စားဖွယ် ရေအောက်စတူဒီယို

အခုတင်ပေးမယ့် ရေအောက်စတူဒီယိုကတော့ ရုပ်ရှင်များ၊ တီဗွီအစီအစဉ်များမှာ ပါဝင်တဲ့ ရေအောက်ပြကွက်များ၊ ဇာတ်ဝင်ခန်းများအတွက် အထူးရည်ရွယ် တည်ဆောက်ထားတာပါ။
ဗြိတိန်နိုင်ငံ၊ Buckinghamshire၊ Iver မြို့မှာတည်ရှိပြီး Pinewood Studios ရဲ့ ရေအောက်စတူဒီယို၊ စတိတ်စင် ဖြစ်ပါတယ်။ ဥရောပရဲ့ ပထမဆုံးနဲ့ တစ်ခုတည်းရှိတဲ့ အဆောက်အဦတစ်ခုပါ။

ထိုရေအောက်မှာတော့ စတိတ်စင်၊ ရေအောက် ကမ္ဘာပုံစံငယ်များ၊ အိမ်ခန်းများ စသည်ဖြင့် ရုပ်ရှင်ရိုက်ကွင်းနဲ့ ဓာတ်ပုံ စတူဒီယိုအတွက် လိုအပ်သည်များကို ထည့်သွင်းပေးထားပါတယ်။ ထို့ပြင် ရေငုပ်ရာတွင် လိုအပ်သည့်ပစ္စည်းများနဲ့ ရိုက်ကွင်းတစ်ခုအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးလေ့ရှိပါတယ်။



၂၀၀၅ ခုနှစ်တွင် တရားဝင်စဖွင့်ခဲ့ပြီး လိုအပ်တဲ့ပံ့ပိုးမှုများကို နှစ်များစွာ ဆက်လက်လုပ်ပေးခဲ့ရပါတယ်။ ရေကို 30 ˚C (87 ˚F) ဖြစ်စေရန် အပူပေးထားပြီး သန့်ရှင်းစင်ကြယ်တဲ့ ရေဖြစ်ရန် ultraviolet system ဖြင့် စီစစ်ထားတာပါ။

TV အစီအစဉ်ရိုက်ကူးရေးအတွက်သာမက လာရောက်လည်ပတ်သူများအတွက် စတိတ်စင်များ၊ လ











က်ဝှေ့စင်များ၊ အခန်းပုံစံများအပြင် ကားကိုပင် ရေအောက်ထဲမှ ဖြတ်မောင်းပြခဲ့ပါတယ်။

ထိုရေအောက်စတူဒီယိုသည် နာမည်ကျော် ရုပ်ရှင်ရိုက်ကွင်းများနဲ့ တီဗွီအစီအစဉ်များတွင် ပါဝင်ခဲ့ပြီး ရေအောက်ဓာတ်ပုံလှလှ ရိုက်ကူးလိုသူများအတွက် စွဲဆောင်နိုင်တဲ့ နေရာတစ်နေရာလည်း ဖြစ်နေခဲ့ပါတယ်။

သူငယ်​ချင်းတို့​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​စေ .....​နေခရမ်း
⭐⭐⭐⭐⭐ဗဟုသုတရဖွယ်​များကြည့်​ရန်​⭐⭐⭐⭐⭐
နေခရမ်း - ထူးဆန်း​ထွေလာ Facebook Page မှ ဖိတ်​ခေါ်ပါသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...