Tuesday, February 4, 2020

ခွေးက နှိုးသဖြင့် အိမ်မီးလောင်နေသည်ကို သိသွားပြီးအိမ်ရှင်မိသားစု မီးဘေးမှ ကပ်လွတ်သွား


အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်တွင်နေထိုင်သည့် မိသားစုသည် အိမ်မွေးခွေးက နှိုးသဖြင့် အိမ်မီးလောင်နေသည်ကို သိသွားကာ မီးဘေးမှ ကပ်လွတ်သွားသည်။ နံနက် တစ်နာရီတွင် အိမ်တွင် မီးစလောင်သည်ကို ဆမ်မီဟု အမည်ရသည့် အိမ်မွေးခွေးက သိသွားကာ ဆက်တိုက်ဟောင်တော့သည်။ ခွေးက အဆက်မပြတ်ထိုးဟောင်နေသဖြင့် မိသားစုဝင်ငါးဦးလုံးလည်း နိုးလာပြီး မီးလောင်နေကြောင်း သိသွားကြသည်။
လူငါးဦးလုံး မီးဘေးမှ လွတ်သွားကြသော်လည်း အခြားခွေးတစ်ကောင်နှင့် ကြောင်နှစ်ကောင်မှာ မီးထဲ ပါသွားသည်။ မီးသည် အနောက်ဘက်ရှိတိုက်ခန်းဘက်သို့ပင် ကူးသွားသေးသည်။ ရေခဲသေတ္တာ အပူလွန်ရာမှမီးထလောင်ခြင်းဖြစ်သည်ဟု မီးသတ်သမားများက ဆိုသည်။အိမ်ရှင်များအားလုံး အိမ်တွင် မီးခိုးငွေ့အာရုံခံ သတိပေးကိရိယာ တပ်ဆင်ကြရန်နှင့်ထိုကိရိယာများကို မှန်မှန်စစ်ဆေးပေးရန်မီးသတ်သမားများက တိုက်တွန်းလိုက်သည်။
(DM, 11.12.19) ချယ်ရီ
Credit:Pyimyanmar journal

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...