
ရောမနတ်မင်းကြီးများ၏ နှစ်မျက်နှာ တမန်တော်များကဲ့သို့ ဗီးနစ်အမည်ရှိ မျက်နှာနှစ်ရောင်နှင့် ကြောင်မလေးသည် ကမ္ဘာတစ်လွှား အင်တာနက်စာမျက်နှာ ပေါ်တွင် လူကြိုက်များလျက်ရှိကြောင်း သြဂုတ်လ ၂၈ရက်သတင်းများတွင် ဖော်ပြခဲ့သည်။ အဆိုပါ သုံးနှစ်အရွယ် ကြောင်မလေး ဗီးနစ်သည် မျိုးရိုးဗီဇ ပြောင်းလဲမှုများကြောင့် မျက်နှာတွင်မွေးရာပါ အနက်ရောင်တစ်ခြမ်းနှင့် ရွှေဝါရောင်တစ်ခြမ်း ပါရှိသည်။ ထို့ပြင် မျက်လုံးနှစ်ဖက်သည်လည်း အရောင်အသွေးမတူညီဘဲ တစ်ဖက်မှာ ပြာလဲ့လဲ့တောက်ပနေပြီး တစ်ဖက်မှာ အစိမ်းရောင်ဖြစ်သည်။ ဗီးနစ်ကြောင်လေးသည် ကြောင်စာများထက် ခွေးစာများကို ပိုမိုနှစ်သက်ကြောင်း သိရှိရသည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။