Thursday, February 16, 2017

အမေရိကန်နိုင်ငံ မှ ဆန်းပြားလှပသည့် ကားအလှဆင် ပြပွဲကြီး

အမေရိကန်နိုင်ငံ မှ ထူးထူးခြားခြား ကျင်းပသည့် Houston Art Car Parade
အမည်ရ ပွဲတော်တစ်ခုကို တင်ပြပေးပါမည်။
ဒီဇိုင်းဆန်းဆန်း အလှဆင်ထားသည့် ကားများ တစုတစည်းတည်း
လှည့်လည်မောင်းနှင်ကြသည့် ကားပြပွဲမျိုးဖြစ်ပြီး အမေရိကန်နိုင်ငံ ၊
တက္ကဆက်ပြည်နယ် ၊ ဟူစတန်မြို့တွင် နှစ်စဉ်ကျင်းပသော ပွဲတော်တစ်ခုပါ။

Houston Art Car Parade ဟု အမည်ပေးထားသော်လည်း
ဒီဇိုင်းဆန်းဆန်း အလှဆင်ထားသေ ကားများသာ ပါဝင်ခြင်း
မဟုတ်တော့ဘဲ စက်ဘီးတွေ၊ ဆိုင်ကယ်တွေ၊ စကိတ်တွေ၊ တခြား
စက်တပ်ယာဉ်နဲ့ လူ့စွမ်းအားသုံးယာဉ်မှန်သမျှကို ပုံစံမျိုးစုံအလှဆင်ပြီး
မြို့လမ်းမတစ်လျောက် စီတန်းလှည့်လည် ပြသကြခြင်း ဖြစ်ပါသည်။

အထူးသဖြင့် ကားများကို မိမိစိတ်ကူးရှိသလို ပြင်ဆင်ခြယ်သကာ
တစ်ဦးခြင်းဖြစ်စေ ၊ အဖွဲ့လိုက်ဖြစ်စေ တပျော်တပါး ပါဝင်ဆင်နွဲကြခြင်း
ဖြစ်ပါသည်။


ကမ္ဘာအရပ်ရပ် ကားပြပွဲများတွင် အကြီးဆုံးအဖြစ် သတ်မှတ်ထားကြ
ပြီး အခြားနိုင်ငံအသီးသီးမှ ကား ၊ ဆိုင်ကယ် အလှဆင်ခြင်း ရူးသွပ်ကြ
သူများလည်း နှစ်စဉ်လာရောက် နွဲပျော်ကြလေ့ရှိပါသည်။

ပထမဆုံး အကြိမ်ကျင်းပခဲ့သော ၁၉၈၆ ခုနှစ်၊ မေ ၁၄ ရက်နေ့ ပွဲတွင်
ကားအစီးရေ ၁၁ စီးသာ ပါဝင်ခဲ့သော်လည်း ၁၉၈၈ ခုနှစ်၊ ဧပြီလ တွင်
ကျင်းပခဲ့သော ပွဲတော်၌ ကားအစီးရေ ၄၀ အထိပါဝင်လာခဲ့ပါသည်။
ထို့နောက်ပိုင်းတွင် ကားပြပွဲမှာ ကျော်ကြားလာပြီး ကားအလှဆင်
စွဲလမ်းသူများအတွက် ပွဲတော်ကြီး တစ်ခုဖြစ်လာခဲ့ပါသည်။

အဲဒီအချိန်ကစလို့ Houston မြို့ရဲ့ အစဉ်အလာယဉ်ကျေးမှုတစ်ရပ်
ဖြစ်လာခဲ့ပါသည်။

ထိုကားပြပွဲတွင် ကားကောင်းခြင်း ၊ မကောင်းခြင်းကို အဓိက
မထားပဲ မိမိပြသခြင်သည့် အနုပညာစိတ်ခံစားချက် တစ်ခုခုကို
ကား ၊ ဆိုင်ကယ် ၊ စက်ဘီး စသည်တို့ပေါ်တွင် ပုံပေါ်အောင်
ဖန်တီးပြသနိုင်မှုသည်သာ အဓိကပါ။

တစ်ချို့မှာ အလှဆင်ဒီဇိုင်းများ ဆန်းသစ်လှသလို အံ့သြချီးကျူး
ဖွယ်ကောင်းပါသည်။ တစ်ချို့က ရိုးစင်းပြီး တစ်ချို့ပြသပုံများသည်
ရှုပ်ထွေးဆန်းပြားလွန်းလှပါသည်။

ထို့ပြင် ပွဲတော်အတွင်း၌ တီးဝိုင်းများတင်ကာ သီဆိုဖျော်ဖြေအလှပြ
မှုများလည်း ရှိပါသည်။ မိမိစိတ်ကူးရှိသလို အသက်အရွယ်မရွေး
ဝင်ရောက်ဆင်နွဲနိုင်ကြသည့် ပွဲတော်ပါ။

ထိုးကားပြပွဲကိုကြည့်ရင်း မြန်မာပြည်မှ သင်္ကြန်အလှပြယာဉ်များကို
မြင်ယောင်မိပါသည်။ မြန်မာနိုင်ငံတွင်လည်း သူတို့ထက်စောစွာပင်
ကားကို အလှဆင်ပြသမှုမျိုး ရှိခဲ့တာပါပဲ။


















သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...