ကမ္ဘာပေါ်တွင် ထူးထူးခြားခြား တည်ဆောက်ထားသော ဟော်တယ်များ
အများအပြားရှိကြပါသည်။ငွေကြေးတတ်နိုင်သော ခရီးသွား
များအနေဖြင့် အများနှင့်မတူ တစ်မူထူးစွာဖြင့် ရေခဲဟော်တယ်များတွင်
ငွေကုန်ခံကာ သွားရောက်လည်ပတ် တည်းတတ်ကြပါသည်။
ယခုတင်ပြသော ရေခဲဟော်တယ်သည် ကမ္ဘာပေါ်တွင်
ပထမဆုံးတည်ဆောက်ဖွင့်လှစ်ခဲ့သော ရေခဲဟော်တယ်တစ်ခုဖြစ်ပါသည်။
အများအပြားရှိကြပါသည်။ငွေကြေးတတ်နိုင်သော ခရီးသွား
များအနေဖြင့် အများနှင့်မတူ တစ်မူထူးစွာဖြင့် ရေခဲဟော်တယ်များတွင်
ငွေကုန်ခံကာ သွားရောက်လည်ပတ် တည်းတတ်ကြပါသည်။
ယခုတင်ပြသော ရေခဲဟော်တယ်သည် ကမ္ဘာပေါ်တွင်
ပထမဆုံးတည်ဆောက်ဖွင့်လှစ်ခဲ့သော ရေခဲဟော်တယ်တစ်ခုဖြစ်ပါသည်။

ယခုရေခဲဟော်တယ်သည် ဆွီဒင်နိုင်ငံ မြောက်ဘက်စွန်းရှိ
Jukkasjarvi ရွာကလေးတွင် ၁၉၉၀ ခုနှစ်မှ စကာဖွင့်လှစ်ခဲ့ပါသည်။

ရေခဲဟော်တယ်ဟု အမည်နှင့်လိုက်ဖက်စွာပင် အဆောက်အဦ
တစ်ခုလုံးနှင့် အသုံးအဆောင်ပစ္စည်းများကို နှင်းခဲများ ၊ ရေခဲတုံးများ
ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။

ရေခဲများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သဖြင့် တစ်ကြိမ်းတည်း
တည်ဆောက်ထားရုံဖြင့် မရပဲ တစ်နှစ်တစ်ကြိမ် ထပ်မံတည်ဆောက်
ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။လိုအပ်သော နှင်းခဲတုံး နှင့် ရေခဲတုံးများကို
အနီးရှိ Torne မြစ်မှ ရရှိပါသည်။

နှစ်စဉ် ဒီဇင်ဘာလ မှ ဧပြီလအတွင်း အမြဲဖွင့်လှစ်ပေးပါသည်။
လာရောက်လည်ပတ်သူများကို ဆွဲဆောင်မှု အဖြစ် အခန်းတိုင်းကို
ခြားနားသော အပြင်အဆင်မွန်းမံမှုများဖြင့် ရေခဲပန်းပု ပညာရှင်
များက ဖန်တီးပေးပါသည်။

အိပ်ခန်း ၊ ဘား ၊ စားသောက်ဆိုင်တို့ အစုံအလင်ရှိပြီး ရေခဲကုတင်၊
ရေခဲကုလားထိုင် များဖြင့် တည်ဆောက်ထားပါသည်။

အကျယ်အ၀န်း ၆၄,၆၀၀ စတုရန်းပေ အကျယ်အ၀န်းရှိပြီး
အခန်းပေါင်း ၅၅ ခန်း နှင့် စားသောက်ဆိုင် ၁၀ ဆိုင်အထိ
ရှိပါသည်။

ထိုရေခဲဟော်တယ်တွင် တည်းမည်ဆိုပါက ရေခဲမှတ်အောက်၊
-5ံC (23ံF) ပတ်လည်အမြဲရှိနေသော အအေးဒဏ်ကို
ခံစားရမည် ဖြစ်ပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ............. နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။