1.Box Jellyfish (ဂျက်လီငါး၊ရေတန်းငါး)

ကမ္ဘာ.အဆိပ်အပြင်းဆုံးဆုကိုရရှိထားသည့်ဂျယ်လီငါးရဲ.အဆိပ်ဟာလူ၏ နှလုံး၊အာရုံကြောစုစည်းမူ
စနစ်၊အရေပြားဆဲလ် စသည်တို့ကို ချက်ခြင်းပျံနှံနိုင်ပါသည်။
ဂျယ်လီငါး၏ အညံ့ဆုံးခန္တာအစိတ်အပိုင်းတခုသည်ပင် လူတစ်ယောက်အား မခံမရပ်အောင် နာကျင်စေ
ပါသည်။ ထိုသို.ထိတွေခံလိုက်ရသော သူသည် စိတ်တုန်လူပ်ခြောက်ခြား၍ နှလုံးကောင်းစွာ အလုပ်မလုပ်နိုင်ပဲ ကမ်းခြေရောက်အောင် မကူးခတ်နိုင်ပဲ သေဆုံးရတတ်သည်။
ထိုအဆိပ်ပြင်းလှသည့် ဂျယ်လီငါးများကိုအာရှ နှင့် သြစတေးလျှ ပင်လယ်ရေပိုင်နက်အချို.မှာ တွေရတတ်ပါသည်။
2. King Cobra

လူသိများလှသော မြွေဟောက်ဘုရင် သည် အဆိပ်ရှိမြွေသတ္တ၀ါများတွင် ခန္ဓာကိုယ်အရှည်ဆုံးဖြစ်ပါတယ်။
၅.၆ မီတာ(၁၈ပေ၅လက်မခန်.)ထိကြီးထွားနိုင်ပါသည်။သူ.ရဲ.အခြားနာမည်တခုကတော.Ophiophagus hannah ဖြစ်ပါတယ်။Ophiophagus ဆိုသည်မှာ မြွေစားသူ လို.ပြောရမှာဖြစ်ပြီး သူဟာ မြွေအချင်းချင်းလဲပြန်စားပါတယ်။အိန္ဒိယ ၊ တရုတ် နှင့် အရှေ့တောင်အာရှ တောနက်များ
ထဲတွင် တွေ့ရပါသည်။
တစ်ချက်ကိုက်ရုံနဲ. လူမပြောနှင်. အရွယ်ရောက်ပြီးသော အာရှဆင်တကောင်ပင်လျှင် ၃နာရီအတွင်းသေစေနိုင်သည်အထိ အဆိပ်ပြင်းလှသည်။
3. Marbled Cone Snail

သည် ကတော့ပုံ ခရုသည် သာမာန်ကြည့်လျှင် လှပသော ကျောက်တုံးလေးဟု ထင်စရာပါ။
သို့သော် အဆိပ်ပြင်းလှသော ခရုတစ်မျိုးဖြစ်နေပြီး သူ့အဆိပ်ရည်တစ်စက် နှင့်ပင်လူ၂၀ထက်မနည်းသေစေနိုင်ပါသည်။
ဆားငံရည်ပျော်ဝင်နေသည့် ရေနွေးရှိရာဒေသများတွင် တွေ့ရတတ်ပါသည်။
သူ၏ ဆူးနှင့် ထိမိပါက ရောင်ရမ်ခြင်း၊မလူပ်ရှားနိုင်ဘဲတဆစ်ဆစ်ခံစားရပြီး ဆိုးဝါးတဲ.ဖြစ်စဉ်အဖြစ်
သွပ်ချာပါဒ လိုက်သလို တုံ့ဆိုင်းသွားပြီး အသက်ရူရခက်လာစေခြင်း
စသည့် ရောဂါလက္ခဏာ များပြတတ်ပါသည်။
4. Blue-Ringed Octopus

အပြာရောင်လပ်စွပ်ကွင်းပုံစံလေးနှင့် ရေဘ၀ဲပါ။အရွယ်အစားမှာဂါက်သီး တစ်လုံး၏အရွယ်ခန့်သာရှိ
ပါသည် ။ လူတယောက်ကို လွယ်လွယ်သေစေနိုင်ပါသည်။လူ၂၆ယောက်ခန့်ကို မိနစ်ပိုင်းအတွင်းသေစေနိုင်သည့် အဆိပ် ပမာဏကို သယ်ဆောင်ထားသူ ဖြစ်ပါသည်။ သူ.လက်တံနှင့်ထိမိ လိုက်လျှင်အာရုံကြောများမှ တဆင့်အဆိပ်ပြန့်ဝင်ပြီးကြွက်သားများ
ပျောညံအားနည်းလာကာ လေးလံထုံထိုင်းလာပြီး
အသက်ရူရပ် သေဆုံးတတ်ပါသည်။Australia, Japan, Indonesia, Philippines နှင့် Papua, New Guinea
နိုင်ငံတို့တွင် တွေ့နိုင်ပါသည်။
5. Death Stalker Scorpion

ထို အဆိပ်ပြင်းသော အ၀ါရောင် ဖျော့ဖျော့ ကင်းမြီးကောက်များကို အရှေ့အလယ်ပိုင်း နှင့်
အာဖရိက မြောက်ပိုင်းတို့တွင် တွေ့နိုင်ပါသည်။ အကိုက်ခံရပြီဆိုလျှင်အာရုံကြောများမှ
အဆိပ်ပြန့် ပြီး လေငန်းစွဲသလို ဖြစ်ကာ မေးမြော သေဆုံးနိုင်ပါသည်။
6. Stonefish

ဒီပုံစံဆိုးဝါးသောကျောက်ငါးသည်လည်း ကမ္ဘာ့အဆိပ်ပြင်းငါးတမျိုးပါ။
သူ၏အဆိပ်မိသွားပါက အထိတ်တလန့် ဖြစ်ကာ တစ်ရူးများသေဆုံးစေပါသည်။
နာရီအနည်းငယ်အတွင်း နီးစပ်ရာ ဆေးရုံများကို မရောက်ရှိ ၊ ဆေးကုသမှု မပြုနိုင်ပါက
အသက်သေဆုံးရတတ်ပါသည်။ ပိစိဖိတ်နှင့်အိန္ဒိယသမုဒ္ဒရာ အပူပိုင်းရေတိမ်သောနေရာနှင့် ပင်လယ်နီ သောင်ခုံကျောက်တန်းများ တွင် တွေ့ရှိရပါသည်။
7. The Brazilian wandering spider

ဒီပင့်ကူကှိှုက်ပျောသီး ပင့်ကူ ( banana spider ) ဟု ဘရာဇီးနိုင်ငံတွင် ခေါ်တွင် ကြပြီး လူကို အန္တရယ်
အပေးနိုင်ဆုံး သတ္တ၀ါပါ။
8. Inland Taipan

မြွေတွေတော်တော်များများသည် အဆိပ်ရှိကြပါသည်။ သို့သော် သည် ကုန်းတွင်းပိုင်း
မြွေကတော့ လူအများဆုံးကို သေစေသော မြွေတစ်မျိုးဖြစ်ပါသည်။
လူတစ်ယောက်ကို ၄၅ မိနစ်အတွင်းမှာ သေစေနိုင်ပါသည်။
Australia တွင် အများဆုံးတွေ့ရတတ်ပါသည်။
9. Poison Dart Frog

သည် အရောင်တောက်တောက် နှင့် ဖားသေးသေးလေးဟာ အဆိပ်ပြင်း ဖားတစ်ကောင်ပါ။
လူကို သေစေနိုင်ပါသည်။ ဟာဝိုင်ရီ နှင့် အမေရိက အလယ်ပိုင်း ၊ တောင်ပိုင်းတို့တွင်
တွေ့ရပါသည်။
10. Puffer Fish

pufferငါးအကိုက်ခံ ပြီဆိုရင် နှလုံးကိုအရိုက်ခံရသလိုပါပဲ။ ထိုငါး၏ နှုတ်ခမ်းထူထူနှင့်လျှာတွေက လဲအဆိပ်ရှိပါသည်။အကိုက်ခံရသည့် လူသည် ကြွက်သားတွေတုံ့ဆိုင်းသွားမည်။
ရင်ဘက်ပိုင်းနှင့် ၀မ်းဗိုက်ပိုင်းကြား ထိခိုက်ခံစားရပြီး၂၄နာရီအတွင်း သေနိုင်ပါသည်။
Japan, China , the Philippines နှင့် Mexico တို့၏ ရေပိုင်နက်များတွင် တွေ့ရှိရပါသည်။
သည် သတ္တ၀ါများကဲ့သို့ အဆိပ်ပြင်းသော အခြားသော သတ္တ၀ါများလည်းရှိကြပါသည်။
ဥပမာ ငါးဘောလုံးကဲ့သို့ လူကိုသေစေနိုင်သော ငါးများဖြစ်ပါသည်။
နေခရမ်းကတော့ conservationinstitute website မှ စာရင်းအတိုင်း တင်ပြပေးခြင်းဖြစ်ပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ ................ နေခရမ်း
5/31/2012 မှပိုစ့်အား ပြန်လည်ပြင်ဆင်တင်ပြထားပါသည်။

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။