
အဝေးကကြည့်လျှင် ရိုလာကိုစတာကစားကွင်းဟုထင်မြင်ရသည့် နေရာတစ်ခုပါ။
အမှန်တော့ ရိုလာကိုစတာပုံစံ ဒီဇိုင်းထွင်ထားသော လူသွားလမ်း မျှော်စင်တစ်ခုပါ။
အများအားဖြင့် မျှော်စင်များသည် အမြင့်သို့ထိုးတတ်နေသော ပုံစံများသာ တွေ့ရပေမယ့်
ဂျာမနီနီုင်ငံ ၊ ဒုစ်ဘာ့ဂ်မြို့တွင် တည်ဆောက်ထားသော ဒီမျှော်စင်ကတော့ ကွေ့ကာဝိုက်ကာ ၊
နိမ့်ကာမြင့်ကာ ဖြင့် ရိုလာကိုစတာပုံစံ အဆန်းထွင်ထားပါသည်။

လိုရာပုံသွင်းကာ စိတ်ကူးဆန်းဆန်းဖြင့် ဆောက်လုပ်ထားသော အဆိုပါ မျှော်စင်သည် Tiger & Turtle –
Magic Mountainဟု အမည်ပေးထားသည်။

အမြင့်မှာ ၂၀.၆ မီတာ ရှိပြီး လူသွားလမ်းအရှည်မှာ ၂၂၀ မီတာ ရှိပါသည်။

မျှော်စင်လျှောက်လမ်း တည်ဆောက်ရန်အတွက် သံမဏိ၊ သွပ်နှင့် သံဖြူတို့ကို ရောစပ် အသုံးပြုပြီး
ဒေသခံ သံမဏိလုပ်ငန်းတစ်ခုဖြစ်သော Krupp Mannesmann မှတည်ဆောက်ထားခြင်း ဖြစ်ပါသည်။

လာရောက်သူများအနေဖြင့် လမ်းလျှောက်ပြီးသားရသလို အမြင့်မှနေ၍ ရှု့ခင်းများကိုလည်း
ကြည့်နိုင်မှာပါ။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ.........နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။