Sunday, June 2, 2013

ဧဝရတ် တောင်ပေါ်မှ ဒိုင်ဗင် ထိုး၍ ကမာ့ စံချိန် တင်နိုင် ခဲ့သည့် ရုရှား နိုင်ငံမှ ဗောင်းလာ ရီရိုဇော့ဗ်


မော်စကို   မေ   ၃၁
ရုရှား နိုင်ငံမှ အသက် ၄၈ နှစ်အရွယ် ရှိ အမျိုးသား တစ်ဦး ဖြစ်သူ ဗောင်းလာရီရိုဇော့ဗ် ဆိုသူသည် ဧဝရတ်တောင်ပေါ်သို့ လူသားများ တက်ရောက် နိုင်ခြင်း နှစ် (၆ဝ) ပြည့် အထိမ်း အမှတ် အဖြစ်
အဆိုပါ တောင်၏ မြောက်ဘက်ရှိ  ချောက်ကမ်း ပါးမှ တိဗက် ပိုင်နက် အတွင်းရှိ ဂွန်ဘက်ခ် ရေခဲမြစ် အတွင်းသို့ မေ ၅ ရက်က တစ်နာရီ ၁၂၅ မိုင်နှုန်းဖြင့် ဒိုင်ဗင် ထိုးခဲ့ပြီး ကမ္ဘာ့ စံချိန် တင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စွမ်းဆောင်ချက်သည် ကမ္ဘာ့ အကျော်ကြားဆုံး တောင်ထိပ်မှ နှစ် (၆ဝ) အတွင်း ပထမဆုံး အကြိမ် အဖြစ် ဒိုင်ဗင် ထိုးပြ ခဲ့ခြင်း ဖြစ်သည်။ ဧဝရတ် တောင်သည်    ပင်လယ်ရေ မျက်နှာပြင် အထက်  ၇၂၂ မီတာတွင် တည်ရှိပြီး ရိုဇော့ဗ်သည် ယင်းသို့ ဒိုင်ဗင် ထိုးရာတွင်  အထူး စီမံ ချုပ်လုပ် ထားသော ဝတ်စုံကို ဝတ်ဆင် ခဲ့သည်။
ထို့နောက်  ရိုဇော့ဗ်သည်  တောင်ထိပ်မှ ပေ ၅၉၅ဝ မီတာ အကွာတွင် ရှိသည့် ရေခဲမြစ် အတွင်းသို့ အမြန်နှုန်း တစ်နာရီ ၁၂၅ မိုင်နှုန်းဖြင့် ဆင်းသက် နိုင်ခဲ့သည်။ အမြင့်မှ ဒိုင်ဗင် ထိုးချ ခြင်းကို အကြိမ်ပေါင်း ၁ဝဝဝဝ နီးပါး ပြုလုပ်ခဲ့သော ရိုဇော့ဗ်သည် ယခုကဲ့သို့ လုပ်ဆောင်ရန် နှစ်နှစ် ကြာမျှ အချိန် ယူခဲ့ ရသည်။ ၎င်းသည် မြေပြင်မှ ဒိုင်ဗင် ထိုးချမည့် ချောက်ကမ်းပါးသို့ ရောက်အောင် လေးရက်ကြာ တက်ခဲ့ ရကြောင်း၊ ကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ပိုင်း ဆိုင်ရာ နှစ်ခု လုံးကို အကောင်း မွန်ဆုံး ဖြစ်အောင် ကြိုးပမ်း ရကြောင်း ရိုဇော့ဗ်က ပြောကြား ခဲ့သည်။
ref:မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...