Sunday, June 2, 2013

လုံခြုံရေး အကူ ကိရိယာ မပါဘဲ တရုတ် နိုင်ငံမှ ကမ္ဘာ့ အရှည်ဆုံး ဓာတ်လှေကား ပေါ်သို့ တက်ရောက်ခဲ့သည့် ပြင်သစ် နိုင်ငံမှ သတ်္တိခဲ အမျိုးသား


ပေကျင်း မေ ၂၀
ပြင်သစ် နိုင်ငံသား ဂျိမ်းမိုက်ကယ်လ် ကာဆာ နိုဗာသည် တရုတ်နိုင်ငံ ကျန်းကျားကျဲ ပြည်နယ် ၀ူလင်ယွမ် ဒေသမှ အမြင့် ၁၀၈၃ ပေရှိ ပိုင်လုံ ဓာတ်လှေကား အပေါ်သို့ လုံခြုံရေး အကူ ကိရိယာများ ၀တ်ဆင်ခြင်း မရှိဘဲ ၎င်း၏ ခြေထောက်နှင့် လက်ကိုသာ အသုံးပြု၍ မေ ၁၈ ရက်က တွယ်တက် ခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ကာဆာနိုဗာသည် ၆၈ မိနစ်နှင့် ၂၆ စက္ကန့်အတွင်း ဓာတ်လှေကား၏ အမြင့် ၅၆၄ ပေထိ တက်နိုင် ခဲ့သည်ဟု ဗြိတိန်ထုတ် သတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားသည်။
၎င်းအနေဖြင့် ဓာတ်လှေကားကို အသုံးပြု၍ တက်မည် ဆိုပါက တစ်မိနစ် မျှသာ အချိန်ကြာမြင့် နိုင်ပြီး ဓာတ်လှေကား အပြင်ဘက် အရေးပေါ် လှေကားမှ တက်လျှင် ၂ နာရီနှင့် မိနစ် ၃၀ ခန့် ကြာသော်လည်း ကာဆာနိုဗာသည် ရင်သပ် ရှုမောဖွယ် ကောင်းပြီး အန္တရာယ် ပိုမို ကြီးမားသော လမ်းကြောင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

Hundred Dragons ဟုထင်ရှားသည့် ပိုင်လုံ ဓာတ်လှေကားသည် ကမ္ဘာလှည့် ခရီးသွားများ  စိတ်ဝင်စားမှု အများဆုံး ဖြစ်သည့် နေရာတစ်ခု ဖြစ်သည်။ ယင်းဓာတ်လှေကားကို လုံခြုံရေး အကူ ကိရိယာ မပါဘဲ စွန့်စား တွယ်တက်မှုသည် ကာဆာနိုဗာ အတွက် ပထမဆုံး အကြိမ် မဟုတ်ပေ။ ၎င်းသည် ၁၉၈၉ ခုနှစ်က ပဲရစ်မြို့ရှိ အီဖယ်လ် မျှော်စင်ကို လက်ဖြင့်တွယ်တက် ခဲ့ပြီး နယူးယောက် မြို့ရှိ Brooklyn တံတားကို ပင့်ကူလူသား ၀တ်စုံ ၀တ်ဆင်ပြီး လုံခြုံရေး သိုင်းကြိုး မပါဘဲ တက်ပြ နိုင်ခဲ့သည်ဟု သိရသည်။
ref:မြ၀တီ

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...