Sunday, June 2, 2013

ကမ္ဘာ့ အမြင့်ဆုံး ချောကလက် တာဝါကြီး


ဒူဘိုင်း ဒီဇင်ဘာ ၁၅
အာရပ်စော်ဘွားများပြည်ထောင်စုဒူဘိုင်းမြို့ရှိအက်ထရီယမ်း ခန်းမဆောင်၌ ပြသထားသည့် ချောကလက်ဖြင့် ပြုလုပ်ထားသော ကမ္ဘာ့ အမြင့်ဆုံး တာဝါကြီးကို ဈေးဝယ်သူ အများ အပြားက စိတ်ဝင် တစား လာရောက် ကြည့်ရှုလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကမ္ဘာ့ အမြင့်ဆုံး ချောကလက် တာဝါကြီးအား ဒူဘိုင်းမြို့၏ အထင်ကရ သင်္ကေတ တစ်ခုဖြစ်သည့် ဘာ့ဂ်ျ ခါလီဖာ တာဝါကြီး၏ ပုံစံအတိုင်း ဖန်တီးထားခြင်း ဖြစ်သည်။

ယင်းချောကလက် တာဝါကြီးသည် ၁၂ မီတာ အမြင့်ရှိပြီး ၎င်းကို ဖန်တီးရာတွင် ၇၂ နာရီ ကြာမြင့် ခဲ့ကြောင်း သိရသည်။ ယင်းချောကလက် တာဝါကို အီတလီ ချောကလက် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Ferrero Spa ကုမ္ပဏီ၏ နှစ် (၃ဝ)မြောက် အထိမ်းအမှတ် အဖြစ် ပြုလုပ်ထားခြင်း ဖြစ်ပြီး အဆိုပါ တာဝါတွင် ချောကလက် အလွှာပေါင်း မည်မျှ ပါဝင်သည်ကို မှန်ကန်စွာ ဖြေဆို နိုင်သူအား ကုမ္ပဏီမှ ထုတ်လုပ်သည့် ချောကလက် ပုံသဏ္ဌာန်ရှိ ရွှေစင်ဆုကို ပေးအပ်မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...