Tuesday, August 14, 2018

သေဆုံးသူရဲ့ ဆန္ဒအရ ဈာပနအခမ်းအနားမှာ ပန်းစည်းအစား ကျောပိုးအိတ်တွေ ယူလာပေးခဲ့

ကျောင်းဆရာမတစ်ယောက်ရဲ့ နောက်ဆုံးဆန္ဒက တစ်ကမ္ဘာလုံးက လူတွေကို လေးစားအားကျစိတ်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အသက် ၅၈ နှစ်အရွယ်ရှိတဲ့ တမ်မီက ဂျော်ဂျီယာပြည်နယ် ဖော်ဆက်ကောင်တီမှာ လက်ထောက်ဆရာမ၊ မူလတန်းပြ ဆရာပြအဖြစ် နှစ် ၃၀ ကြာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူဟာ ကင်ဆာရောဂါကြောင့် အခုလ အစောပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။

တမ်မီက သူသေသွားတဲ့အခါ သူ့ရဲ့ဈာပနမှာ ပန်းစည်းတွေ ယူလာမယ့်အစား ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေ အသုံးပြုနိုင်အောင်လို့ ကျောင်းသုံးပစ္စည်းတွေပါတဲ့ ကျောပိုးအိတ်တွေပဲ ယူလာပေးစေချင်တယ်လို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဈာပနကိုလာတဲ့သူတွေက ကျောပိုးအိတ်တွေ ယူလာပေးခဲ့ကြပြီး တမ်မီရဲ့ အလောင်းကိုသယ်ပေးခဲ့ကြတဲ့ဆရာ၊ ဆရာမ ၁၀၀ နီးပါးက အဲဒီကျောပိုးအိတ်တွေက သူတို့ရဲ့ စာသင်ကျောင်းတွေဆီ သယ်ဆောင်သွားခဲ့ကြပါတယ်။
Credit:yoyarlay

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...