Tuesday, August 14, 2018

ကြမ်းပိုးကြောင့် နစ်နာကြေး ၁.၆ သန်းနီးပါးပေးရတဲ့ အိမ်ရှင်

ကြမ်းပိုးကိုက်လို့ သေရာပါ ဒဏ်ရာရခဲ့တဲ့ ၃ နှစ်အရွယ် ကလေးငယ်ရဲ့ မိသားစုကို အိမ်ပိုင်ရှင်က အမေရိကန်ဒေါ်လာ ၁.၆ သန်းနီးပါးပေးဖို့ အမေရိကန်ပြည်သူ့တရားရုံးက စီရင်ချက် ချမှတ်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံမှာ ကြမ်းပိုးကြောင့် နစ်နာကြေး အများဆုံးပေးရတဲ့ ဖြစ်ရပ်ပါပဲ။

လီလီယာနာနဲ့ ခင်ပွန်းတို့ဟာ ၂၀၁၀ ပြည့်နှစ်က ကယ်လီဖိုးနီးယား အင်ဂယ်ဝုဒ်မြို့ကို ပြောင်းရွှေ့ခဲ့ပြီး နှစ်နှစ်အကြာမှာ ပြဿနာစခဲ့တာပါ။ သူတို့ရဲ့ (၃)နှစ်အရွယ် သားငယ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး အနီစက်တွေ ထခဲ့လို့ ဆေးရုံ သွားပြခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းက လသားအရွယ်ပဲရှိသေးတဲ့ သမီးငယ်လည်း ကြမ်းပိုးကိုက်ခံရလို့အနီစက်တွေ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာ ဆရာဝန်ပြောတဲ့အတိုင်း အိမ်မှာရှာကြည့်တော့ ကြမ်းပိုးတွေ တွေ့ခဲ့တာပါ။ ကြမ်းပိုးတွေရှိလို့ အိမ်ရှင်၊ အိမ်ငှား စီမံခန့်ခွဲမှု ကုမ္ပဏီ Westland Industries ကို အကြောင်းကြားပြီး ကလေးပုခက်တွေ အပါအဝင် အိမ်မှာရှိတဲ့ ပရိဘောဂတွေကို လဲပေးဖို့ ပြောခဲ့ပေမယ့် စီမံခန့်ခွဲမှု ကုမ္ပဏီက အဖြူရောင် အမှုန့်တွေပဲ ဖျန်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ကြမ်းပိုးကိုက်ခံရတုန်းပဲမို့လို့ စောဒကတက်ခဲ့ကြပြီး ၄ လအကြာမှာတော့ ကုမ္ပဏီက ကော်ဇောတွေကို လဲပေးခဲ့ပါတယ်။ အဲဒီကျမှ ကြမ်းပိုးရန်က လွတ်သွားခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာ အဲဒီအိမ်က ပြောင်းရွှေ့ခဲ့တဲ့ သူတို့လင်မယားဟာ နောက်တစ်နှစ်အကြာမှာ တိုက်ခန်းပိုင်ဆိုင်တဲ့ Amusement Six Apartment ကုမ္ပဏီကို တရားစွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ အယ်ဟမ်ဘရာမြို့ ပြည်သူ့တရားရုံးက ကလေးငယ် မိသားစုကို နစ်နာကြေး အမေရိကန်ဒေါ်လာ ၁,၅၉၃,၅၀၀ ပေးဖို့ စီရင်ချက် ချခဲ့တာပါ။ အခုအချိန်မှာ (၈)နှစ်အရွယ်ရှိနေတဲ့ ကလေးငယ်ဟာ အခုချိန်ထိ ကြမ်းပိုးကိုက်ခံရတဲ့ အမာရွတ်တွေ ရှိနေတုန်းပါပဲ။
Credit:yoyarlay facebook page

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...