ကမ္ဘာ့အမြင့်ဆုံး ဟော်တယ်ကြီးအဖြစ် Dubai မှ Gevora ဟော်တယ်ကြီးကို သတ်မှတ်ခဲ့ကြပါတယ်။ ထိုဟော်တယ်ကြီးသည် အမြင့်ပေ 356.33 m (1,169 ပေ) ရှိကာ၂၀၁၈ ခု ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး လက်ရှိ ကမ္ဘာ့အမြင့်ဆုံး ဟော်တယ်ကြီးအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

အထပ်အားဖြင့် ၇၅ ထပ်ရှိပြီး ဟော်တယ်အခန်းပေါင်း ၅၂၈ ခန်းရှိပါတယ်။ ဟော်တယ်ကြီးကို ရွှေရောင်တောက်ပနေသော ပုံစံမျိုး ဒီဇိုင်းဖန်တီးတည်ဆောက်ထားပြီး စားသောက်ဆိုင်ခန်း ၄ ခု ၊ ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်းများ ၊ အမိုးဖွင့်ရေကူးကန်ကြီး နှင့် ဇိမ်ကျကျနေနိုင်သည့် spa ခန်းများလည်း ပါဝင်ပါတယ်။

ထိုဟော်တယ်မြင့်ကြီးမှနေ၍ Dubai မြို့ရဲ့ မြင်ကွင်းများကို အပေါ်စီးမှ ကြည့်ရှု့အနားယူနိုင်မည် ဖြစ်ပြီး တစ်ညတည်းခိုခ (£134/$191) ကျသင့်မည် ဖြစ်ပါတယ်။
ယခင်ကမ္ဘာ့အမြင့်ဆုံး ဟော်တယ်အဖြစ်သတ်မှတ်ထားသော Emirates Park Towers Hotel & Spa (355.35 m (1,165.84 ပေ)) ထက် တစ်မီတာပိုမြင့်ကာ စံချိန်သစ်တင်နိုင်ခဲ့ခြင်းပါ။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။