Tuesday, August 14, 2018

အမျိုးသမီးဖြစ်လို၍ ဆေးသောက်နေသူက အမျိုးသမီးဖြစ်ရသည်မှာ ကုန်ကျစရိတ်များလွန်းသည်ဆိုကာ အမျိုးသားဘ၀ ပြန်ပြောင်း

အမျိုးသမီးဖြစ်လိုသောကြောင့် ဒေါ် လာ ၁၀၀၀၀ အကုန်ကျခံပြီး လေဆာကု ထုံးဖြင့် အမွေးအမှင်များရိတ်၊ ဟော်မုန်း ဆေးသောက်ခဲ့သည့် အမေရိကန်အမျိုး သားသည် အမျိုးသမီးအဖြစ် နေထိုင်ရ သည်မှာ ကုန်ကျစရိတ်ကြီးလွန်းပြီး အ ပြိုင်အဆိုင်များလွန်းသည်ဟုဆိုကာ အ မျိုးသားဘ၀ဖြင့်သာ ပြန်နေထိုင်တော့ရန် ဆုံးဖြတ်လိုက်သည်။ အမျိုးသမီးဘ၀နှင့် သုံးနှစ်တာနေထိုင်အပြီးတွင် ၎င်းက အ မျိုးသမီးဘ၀ကို စိတ်ကုန်သွားတော့ခြင်း ဖြစ်သည်။ အမျိုးသမီးကဲ့သို့ဝတ်စားနေ ထိုင်ရသည်မှာ အထီးလည်းကျန်သည့်အ ပြင် စိတ်ဖိစီးမှုလည်းများလှသည်ဟု အ သက် ၃၀ အရွယ် ၎င်းက ဆိုသည်။ စိတ် ပြောင်းသွားပြီဖြစ်သဖြင့် ယောက်ျားအဖြစ် သာပြန်နေတော့သော်လည်း ရင်သားကြီး စေရန် ပြုလုပ်ခဲ့မိသဖြင့် ၎င်းမှာ အခက် တွေ့နေတော့သည်။ ထို့ကြောင့် ၎င်းက အားကစား အပြင်းအထန်လုပ်ပြီး ရင်အုပ် ကြီးလာရန် ကြိုးစားနေသည်။ သို့မှသာ ရင်သား ပျောက်သွားမည်ဟု ၎င်းက ယုံ ကြည်နေသည်။ ၎င်းကို နားလည်ပေး နိုင်မည့် ဘ၀လက်တွဲဖော်ကို ရှာတွေ့ နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆို သည်။
(CCTV, 12.5.18)ချယ်ရီ
Credit:PYI MYANMAR

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...