Monday, May 15, 2017

ဂျပန်နိုင်ငံ မှ သေကြောင်းကြံသည့် တောအုပ်

ဂျပန်နိုင်ငံမှ တောအုပ်တစ်ခုကို သေကြောင်းကြံတဲ့တောအဖြစ် အမည်ပေးထားပါသည်။ ထိုအမည်နှင့် လိုက်ဖက်စွာပင်ထိုတောအုပ်အတွင်း၌ နှစ်စဉ်လူပေါင်းများစွာ သေကြောင်းကြံစည်မှုများ ပြုလုပ်တတ်ကြပါသည်။

ဂျပန်နိုင်ငံ၏ အထင်ကရ ဖူဂျီတောင်ကြီး၏ အနောက်မြောက်ဘက် အနီးနားရှိ တောအုပ်ကို Aokigahara ဟု အမည်ရပြီး ယခုအခါ သေကြောင်းကြံတဲ့တော ဟုလည်းကောင်း သစ်ပင်များ များစွာပေါက်ရောက်နေ သဖြင့် သစ်ပင်ပင်လယ် ဟုလည်းကောင်း ခေါ်တွင်ကြပါသည်။ ထိုတောအုပ်သည် ၃၀ စတုရန်းကီလိုမီတာ ( ၁၂ စတုရန်းမိုင် ) ကျယ်ဝန်းပါသည်။

ထိုစိမ်းလန်းပြီး သစ်ပင်များထူထပ်စွာ ပေါက်နေသော တောအုပ်အတွင်းသို့ ဂျပန်နိုင်ငံသားများသည် လာရောက်ကာ သေကြောင်းကြံစည်မှုများ ပြုတတ်ကြပါသည်။ ဂျပန်နိုင်ငံတွင် သေကြောင်းကြံစည်မှုများ အများအပြား ဖြစ်တတ်ကြပြီး အများအားဖြင့် တိုကျိုမီးရထားရှေ့သို့ ခုန်ချ အဆုံးစီရင်ခြင်း ပြုတတ်ကြသလို ယခုတောအုပ်အတွင်းသို့ လာရောက်ပြီး သေကြောင်းကြံစည်မှုလည်း ပြုတတ်ကြပါသည်။


ရဲမှတ်တမ်းများအရ ၁၉၉၈ ခုနှစ် တွင် ၇၃ ဦး၊ ၂၀၀၂ ခုနှစ်တွင် ၇၈ ဦး ၊ ၂၀၀၃ ခုနှစ်တွင် ၁၀၅ ဦး၊ ၂၀၀၄ ခုနှစ်မှာ ၅၄ ဦး ရှိခဲ့ပြီး နှစ်စဉ် လူဦးရေပျမ်းမျှ ၇၀ မှ ၁၀၀ ကြား သေကြောင်းကြံစည်ကြကြောင်း သိရပါသည်။ အနည်းဆုံး နှစ်များတွင်ပင် လူပေါင်း ၃၀ ခန့် လာရောက် သေဆုံးကြပါသည်။ နောက်ပိုင်းနှစ်များတွင် အာဏာပိုင်များမှ ထိုတောအုပ်အတွင်း သေဆုံးသူအရေအတွက်ကို တရားဝင် ထုတ်ပြန်ပေးမှုကို မပြုလုပ်တော့ပါ။

ထို့ကြောင့် ရဲ နှင့် အာဏာပိုင်များမှ သေကြောင်းကြံစည်မှုများ မဖြစ်ပေါ်စေရန် အစောင့်အရှောက်များ ချထားခြင်း ၊ သတိပေးတားမြစ်ချက်ဆိုင်းဘုတ်များ ထားရှိခြင်း နှင့် လှည့်လည် စောင့်ကြည့်စစ်ဆေးမှုများ ပြုလာကြပါသည်။ သို့သော် လာရောက်သေဆုံးသူများကတော့ ရှိနေကြစမြဲပါ။

တစ်နှစ်တာတွင် သေကြောင်းကြံစည်မှု အများဆုံးလမှာ ဂျပန်နိုင်ငံ ရဲ့အခွန်ဆောင် ကာလဖြစ်သည့် မတ်လ တွင် ဖြစ်ပါသည်။ ဂျပန်တွေက သေကြောင်းကြံစည်မှုတွေ လုပ်တဲ့ အခါမှာတော့ လူပုဂ္ဂိုလ် ကြောင့်မဟုတ်ဘဲ အများစုက “ဂိရိ” လို့ခေါ်တဲ့ လူမှု တာဝန်တွေ ပျက်ကွက်လို့ မိမိကိုယ်ကို ဒဏ်ခတ်တဲ့ အနေနဲ့ မိမိဟာ အပြစ်ကင်းကြောင်း သန့်ရှင်းကြောင်း သက်သေပြကြခြင်းမျိုးလည်း ဖြစ်ပါသည်။

ထို့ပြင် ဂျပန်ရှေးရိုးရာ ဘာသာရေးခံယူချက်များ နှင့် စိတ်ဓာတ်ခံယူချက်များကြောင့် ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်းကိုလည်း ပြုတတ်ကြပါသည်။ ယခုနောက်ပိုင်း လူငယ်များ၏ မူးယစ်ဆေး အလွန်အကျွံသုံးစွဲမှုကြောင့် ဖြစ်ပေါ်ကြခြင်းမျိုးလည်း တွေ့ရတတ်ပါသည်။

ယခုအခါ ထိုတောအုပ်ကြီးအတွင်း ၀င်ရောက်လိုက်သည်နှင့် စိတ်ချောက်ခြားဖွယ် ကောင်းသည့် ခံစားချက်များ ခံစားကြရသူများလည်း ရှိတတ်ကြပါသည်။ တောသည် စိမ်းဆိုနေသလို သေကြောင်းကြံစည်သူများ၏ ကျန်ရှိခဲ့သော ပစ္စည်းအကျွင်းအကျံများကိုလည်း တွေ့မြင်ရတတ်ပါသည်။ 

သို့ပေမယ့် ဂျပန်နိုင်ငံတွင်မက ကမ္ဘာတွင်ပါ နာမည်ကျော်သော သေကြောင်းကြံသည့် တောအုပ် အတွင်းသို့ လာရောက်လေ့လာ လည်ပတ်တတ်ကြသူများ ရှိကြပါသည်။ ထို့ပြင် TV မှတ်တမ်းအစီအစဉ်များ ၊ ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးထွက်ရှိ ခဲ့ပါသည်။







Jun 13, 2012 မှ ပိုစ့်အားပြန်လည်ပြင်ဆင် တင်ပြထားပါသည်။
သူငယ်ချင်းများပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...