Wednesday, December 13, 2017

ချစ်စဖွယ် 3 D ကျေးရွာလေး

မိတ်ဆွေတို့ အနေဖြင့် တရုတ်နိုင်ငံ ၊ Luoyuan ရွာကလေးကိုရောက်လျှင် တစ်ရွာလုံးရဲ့ အိမ်နံရံများ နှင့် လမ်းများပေါ်တွင် ရေးဆွဲထားသည့် ကြီးမားလှသော 3 D ရုပ်ကြွ ဂရက်ဖတီပုံကြီးများကို တွေ့မြင်ကြရမှာပါ။
ရုပ်ပုံကြီးများသည် နံရံများပေါ်တွင် ဆေးရောင်စုံဖြင့် လှပအသက်ဝင်စွာ တွေ့မြင်ကြရမည် ဖြစ်ပါသည်။ အဆိုပါ ရုပ်ပုံကြီးများကို ဒေသခံ အနုပညာရှင်များက စုပေါင်းရေးဆွဲပေးထားခြင်း ဖြစ်ပြီး ခရီးသွားဧည့်သည်များ လာရောက်စေရန် ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ပါသည်။

တစ်ချိန်က မြစ်ကမ်းနဘေး မြို့ပြနှင့် အနည်းငယ် ဝေးကွာသည့် ကျေးရွာငယ်လေး ဖြစ်သော်လည်း ယခုအခါ ရုပ်ပုံကြီးများကို လာရောက်ကြည့်ရှု့လည်ပတ်သူများကြောင့် စည်းကားနေပြီ ဖြစ်ပါသည်။ ထို့အပြင် Luoyuan ရွာကလေးသည် စိမ်းလန်းစိုပြေသည့် တောတောင်များနှင့် ပတ်လည်ဝန်းရံနေသည့် လှပသည့် ရွာကလေးပါ။
ယခုအခါ တရုတ်နိုင်ငံ၏ လည်ပတ်ချင်စရာအကောင်းဆုံး သာယာလှပသည့် ကျေးရွာလေးတစ်ခု အဖြစ်လည်း သတ်မှတ်ထားကြပါသည်။





သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...