Tuesday, December 12, 2017

စံချိန်တင်ဈေးနှုန်းဖြင့် ရောင်းချခဲ့ရသည့် လီယိုနာဒိုဒါဗင်ချီ၏ ပန်းချီကား

ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားရေးဆွဲခဲ့သူ အီတလီ ပန်းချီပညာရှင် လီယိုနာဒို ဒါဗင်ချီ၏ ရှားပါးလက်ရာ ပန်းချီကားတစ်ခုသည် နယူးယောက်မြို့ လေလံပွဲ၌ ဒေါ်လာသန်း ၄၅၀ ဖြင့် စံချိန်တင် ရောင်းချခဲ့ရပါသည်။ “ကမ္ဘာကြီး၏ ကယ်တင်ရှင်”( Saviour of the World ) အမည်ရ ထိုပန်းချီကားသည် လီယိုနာဒို၏ ယနေ့အချိန်အထိ ကျန်ရှိနေသေးသော လက်ရာမြောက်ပန်းချီကား အချပ်(၂၀)တွင် တစ်ကားအပါအ၀င် ဖြစ်ပါသည်။ ထို့အပြင် ထိုပန်းချီကားသည် ပုဂ္ဂလိက လက်ထဲရောက်ရှိနေသည့် တကားတည်းသော ပန်းချီကားဖြစ်ပါသည်။

ပန်းချီကားသည် အမြင့် ၂၆ လက်မ(၆၆ စင်တီမီတာ) ရှိ ခရစ်တော်၏ ညာလက်ကိုမြှောက်၍ ကောင်းချီးမင်္ဂလာပေးနေပြီး ဘယ်ဘက်က ဖန်းလုံးတလုံးကို ကိုင်ထားဟန် သရုပ်ဖော်ရေးဆွဲထားခြင်း ဖြစ်ပါသည်။ ၁၅၀၀ ၀န်းကျင်က ရေးဆွဲထားခြင်းဟု သတ်မှတ်ထားကြပြီး နယူးယောက်မြို့ Christie လေလံပွဲတင် စံချိန်တင်ဈေးနှုန်း ဒေါ်လာသန်း ၄၅၀ ဖြင့် အမည်မဖော်သူတစ်ဦးမှ ၀ယ်ယူသွားခြင်း ဖြစ်ပါသည်။

ထိုပန်းချီကားသည် ခေတ်အဆက်ဆက် ပေါ်လိုက်ပျောက်လိုက်ဖြင့် ဖြစ်ပေါ်ဖူးပြီး ပိုင်ဆိုင်လက်လွှဲမှုများလည်း အဆင့်ဆင့် ဖြတ်သန်းခဲ့ရပါသည်။ အင်္ဂလန်ပြည့်ရှင် ချားလ်ဘုရင်(၁) မှပိုင်ဆိုင်ခဲ့ဖူးသလို ကုန်သည်များ ၊ သူဌေးများရဲ့ လက်အတွင်းသို့လည်း ရောက်ရှိလိုက် ၊ ပျောက်ကွယ်သွားလိုက်ဖြင့် အကြိမ်ကြိမ်ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ရပါသည်။


ယခုလက်ရှိတွင် နယူးယောက်မြို့ Christie လေလံပွဲသို့ ရုရှားဘီလျံနာသူဌေး ဒီမီထရီ ရိုင်ဗိုဘော့မှ တင်ရှိရောင်းချခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ စံချိန်တင်ဈေးနှုန်း ရရှိခဲ့ခြင်း ဖြစ်ပါသည်။ ဘီလျံနာသူဌေး ဒီမီထရီ ရိုင်ဗိုဘော့သည်လည်း ၂၀၁၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၂၇. ၅ သန်းဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်ပါသည်။

ထို လီယိုနာဒို၏ ရှားပါးလက်ရာ တစ်ခုဖြစ်သည့် ကမ္ဘာကြီး၏ ကယ်တင်ရှင် ပန်းချီကားသည် မည်သည့်ပြတိုက် ၊ ပြခန်းတို့ကမှ ပိုင်ဆိုင်ခြင်းမရှိဘဲ ပုဂ္ဂလိက ပိုင်ဆိုင်မှု တစ်ခုဖြစ်နေသဖြင့် အနုပညာချစ်သူများသည် ယခုအချိန် ကြည့်ရှု့နိုင်ရန် တန်းစီစောင့်ဆိုင်း နေကြပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...