Wednesday, November 30, 2016

တရုတ်နိုင်ငံမှ ကျောက်တောင်တောအုပ်ကြီး

ယခင်က ကမ္ဘာ့အကြီးဆုံး ကျောက်တောင်တောအုပ်ကြီး ဆိုပြီး
တင်ပေးခဲ့ဖူးပါသည်။ယခုလည်း တရုတ်နိုင်ငံမှာ ရှိသည့်
ကျောက်တုံး၊ကျောက်တောင်များမှ သစ်တောအုပ်ကဲ့သို့
ထိုးထိုးထောင်ထောင်နှင့် ဖြစ်နေသည့် နေရာတစ်ခုကို တင်ပြ
ပေးပါမည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကြီးမားလှသည့် ကျောက်တောင်
အစုအဝေးများကို Stone Forest ဟုအမည်ပေးထားကြပါသည်။

လွန်ခဲ့သော နှစ်သန်းပေါင်း ၂၇၀ ကတည်းက ရေတိုက်စားမှုများကြောင့်
ထုံးကျောက်အမျိုးအစား ကျောက်တောင်များသည် ကျောက်စက်မိုးမျှော်
များကဲ့သို့ ကောင်းကင်သို့ ထိုးထိုးထောင်ထောင် ဖြစ်နေကြပါသည်။
သစ်တောအုပ်ကဲ့သို့ ကျောက်တုံးကျောက်တောင်များသာ စုစည်းပြီး
ကျန်ရစ်ဖြစ်တည်နေခြင်း ဖြစ်ပါသည်။


ယူနန်ပြည်နယ် ၊ ကူမင်းမြို့တော်မှ ၉၀ ကီလိုမီတာ(၅၆ မိုင်) ခန့်
အကွာတွင် တည်ရှိပါသည်။ကျောက်တောင်များသည်
အချွန်အတက်ပုံစံမျိုးစုံဖြင့် မြင့်မားစွာ တည်ရှိနေကြပါသည်။

ကွဲပြားခြားနားသော မြေပြင်အနေအထား၊ ကျောက်ဆောင်ကျောက်တောင်
ပုံစံအမျိုးမျိုး နှင့် လှိုဏ်ဂူများ တိရိစ္ဆာန်များကိုပါ တွေ့မြင်နိုင်ပါသည်။

Major Stone Forest ၊ Minor Stone Forest နှင့် အခြားသော
လှိုဏ်ဂူများ ပါဝင်သော အစိတ်အပိုင်းများပါ စုပေါင်းလိုက်လျှင်
500 km2 အထိ အကျယ်အ၀န်း ရှိပါသည်။


ဒီနေရာတည်ရှိကြောင်းကို Ming မင်းဆက်ခေတ်(1368-1644 A.D.)
ကတည်းက သိရှိခဲ့ကြသည်ဟု ဆိုပါသည်။၂၀၀၇ ခုနှစ်တွင်
ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသ အဖြစ်သတ်မှတ်
ခဲ့ပါသည်။ 
ယူနန်ပြည်နယ်၏ အရေးပါပြီး ဆွဲဆောင်မှုအားကောင်းသော
ဒေသတစ်ခုဖြစ်ပြီး AAAAA အဆင့် ခရီးသွားဒေသအဖြစ် သတ်မှတ်ထားကြပါသည်။








(ကျောက်တောင်တောအုပ်ကြီး တည်နေရာပြ မြေပုံ)
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...