Saturday, December 23, 2017

ဆယ်ကျော်သက်အရွယ် ကိုယ်ဝန် အများဆုံးရှိရာနိုင်ငံ


ဂွါတီမာလာသည် ဆယ်ကျော်သက်အရွယ် ကိုယ်ဝန် အများဆုံးရှိရာ နိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်။ ၂၀၁၄ က ကောက်ယူခဲ့သော စစ်တမ်းများအရ  ဂွါတီမာလာ နိုင်ငံတွင် အသက် (၁၄)နှစ်အောက် ကိုယ်ဝန်ဆောင်ထားသည့် အမျိုးသမီး အရေအတွက်သည် (၅၁၀၀) ကျော်အထိ ရှိနေကြောင်း သိရသည်။ ထို့ကြောင့် စိုးရိမ်ထိတ်လန့်စရာ အခြေအနေကို ရောက်ရှိနေပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး (၄) ပုံ ( ၁) ပုံသည် ဆယ်ကျော်သက် အရွယ်များ ဖြစ်နေပြီး အသက် (၁၀) နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး အများအပြားလည်း ရှိနေကြောင်း သိရသည်။
ဆယ်ကျော်သက် အရွယ် အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်း၊ မုဒိမ်းကျင့် ခံရခြင်း စသည့် အချက်များကြောင့် ကိုယ်ဝန်ဆောင်နူန်း များပြားနေခြင်း ဖြစ်သည်။ ကိုယ်ဝန်ဆောင်ထားသည့် ဆယ်ကျော်သက်အရွယ် အမျိုးသမီး အများစုသည် ဆွေးမျိုးသားချင်း ဖြစ်သည့် ဦးလေး၊ မောင်နှဝမ်းကွဲတို့၏ စော်ကားမူကို ခံနေရပြီး အဖေအမည် ဖော်နိုင်ခြင်း မရှိသည့် ဖြစ်ရပ်များလည်း ရှိနေသည်။
ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်သူ (၃၀)ရာခိုင်နူန်းသာ အဖေအမည် ဖော်နိုင်စွမ်းရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
ယင်းဖြစ်ရပ်များကို ဆွီဒင်အမျိုးသမီး ဓာတ်ပုံဆရာ လင်ဒါဖော်ဆဲလ်က မှတ်တမ်းတင် ရိုက်ကူးမှု ပြုလုပ်ခဲ့သည်။ ဓာတ်ပုံများ ရရှိရန် (၂)နှစ်ကျော် အချိန်ယူခဲ့ရပြီး ဂွါတီမာလာရှိ ဆယ်ကျော်သက် အရွယ် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရမူကို ဖော်ထုတ် တင်ပြနိုင်ခဲ့သည်။  ဆယ်ကျော်သက် အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ရာတွင် အဖေအမည်ကို ဖော်ထုတ်နိုင်ရန် ခဲယဉ်းနေသည်။ အမျိုးသမီးတစ်ဦးကို  အမျိုးသား အများအပြားက လိင်ပိုင်းဆိုင်ရာ စော်ကားမူ အကြိမ်ကြိမ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်တစ်ခုတွင် အသက် (၁၂) နှစ် အရွယ် အမျိုးသမီးတစ်ဦးကို အသက် (၅၀) ကျော် အမျိုးသားတစ်ဦးက သစ်ပင်တွင် ကြိုးတုတ်ပြီး မုဒိမ်းကျင့်ခဲ့သည်။ ယင်းနောက် အဆိုပါအမျိုးသမီးကို အသက် (၂၀) ကျော်အရွယ် အမျိုးသားတစ်ဦးထံ ရောင်းချခဲ့သည်။ ယင်းအမျိုးသမီး ကိုယ်ဝန်ဆောင်သည့်အခါ အဖေအမည်ကို ဖော်ထုတ်ရန် ခက်ခဲနေသည်။ ယင်းဖြစ်ရပ်ကို အစိုးရက တားဆီးရန် ကြိုးစားခဲ့ပြီး  အိမ်ထောင်ပြုမှုကို ယခင်က အသက်(၁၄) နှစ်မှ အသက် (၁၈)သို့ ပြောင်းလဲလိုက်သည်။ ဂွါတီမာလာတွင် ပြည်တွင်းစစ် နှစ် ( ၃၀) ကျော် ဖြစ်ခဲ့ခြင်းကြောင့် တရားဥပဒေ စိုးမိုးရန် ကြိုးစားနေရဆဲ ဖြစ်သည်။ လက်ရှိ အချိန်အထိတော့ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်မှုက လျော့ကျခြင်း မရှိသေးကြောင်း သိရသည်။
Credit: messengernewsjournal.com

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...