Saturday, December 23, 2017

ဥယျာဉ်မှူးတစ်ဦး၏ စိတ်ကူးပုံဖော် အစွမ်းပြမှု

အဝေးအမြင့်အရပ်မှ ကြည့်လျှင် ဥယျာဉ်အတွင်း မြတ်ခင်းစိမ်းစိမ်းပေါ်၌ ရွှေရောင်အဆင်းဖြင့်ကြီးမားလှသော နဂါးကြီးများ၊ အဆောက်အဦးကြီးများကို သစ်ရွက်ခြောက်ကြွေများဖြင့် ဖန်တီးပုံဖော်ထားမှု ဖြစ်ပါသည်။

 တရုတ်နိုင်ငံ ၊ ချန်ဒူးမြို့ရှိ ဥယျာဉ်တစ်ခုမှ ဥယျာဉ်မှူးတစ်ဦးသည် မိမိစိတ်ကူးဖြင့် ရွှေရောင် Gingko သစ်ရွက်ခြောက်ကြွေများကို လိုသလိုစုပုံပြီး ပုံဖော်ပြသမှု ပြုခဲ့ပါသည်။ ဥယျာဉ်မှူး Yang Guangting သည် အနုပညာနှင့် ပတ်သတ်ပြီးသီခြားသင်ကြားခဲ့မှု မရှိခဲ့ဘူးသော်လည်း မိမိမြင်တွေ့ဖူးသည့် အဆောက်အဦများ ၊ ရုပ်ပုံများကို သစ်ရွက်ခြောက်များဖြင့် ပုံဖော်ခဲ့ခြင်း ဖြစ်ပါသည်။


ရွှေရောင်နဂါးအရုပ်ကြီးများ ၊ ဂရိတ်ဝေါမဟာတံတိုင်းပုံကြီး ၊ နန်းတော် ၊ ကြာပန်းများ နှင့် ငါးပုံကြီးများကို လွန်ခဲ့သည့် သုံးနှစ်ဆက်တိုက် ပြုလုပ်ပြခဲ့ခြင်း ဖြစ်ပါသည်။
သူ၏ ပုံကြီးများသည် သစ်ရွက်ခြောက်များကိုသာ စုပုံပုံဖော်ထားခြင်းဖြစ်ပြီး လေနည်းနည်းပြင်းပြင်းတိုက်ခတ်ရုံဖြင့် ပုံပျက်သွားမည် ဖြစ်ပါသည်။




ဒါပေမယ့် ဥယျာဉ်မှူး Yang ကတော့ ထိုကဲ့သို့ ပုံတစ်ပုံ ဖြစ်ရန် လူ ၂ ဦး (သို့) ၃ ဦးအထိ အသုံးပြုကာ ၃ နာရီကြာ ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါသည်။ အနီးကပ်ကြည့်လျှင် အမှိုက်ပုံကဲ့သို့ စုပုံထားခြင်းကိုသာ တွေ့ရသော်လည်း အမြင့်မှကြည့်မှ လှပသေသပ်သည့် သရုပ်ဖော်ပုံများကို တွေ့မြင်ရကာ အံ့သြချီးကျူးကြပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...