Saturday, December 23, 2017

ပြောင်းဖူးများဖြင့် တည်ဆောက်ထားသော ရွှေရောင်ခြံဝင်း

အိမ်တစ်ခုလုံးသာမက ခြံဝန်းတစ်ခုလုံးရှိ အရာဝတ္ထုတိုင်းကို ပြောင်းဖူးများဖြင့် ပုံဖော်ဖန်တီးထားခြင်း ဖြစ်ပါသည်။ ထိုခြံအိမ်လေးကတော့ တရုတ်နိုင်ငံ အရှေ့မြောက်ဘက် Jilin ပြည်နယ် ၊ Shulan မြို့ရှိ Erhe ရွာကလေးတွင် Liu Hongcai ဆိုသည့် လယ်သမားတစ်ဦးမှ စိတ်ကူးပုံဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ ပြောင်းဖူးပေါင်း ၂၀ ၀၀၀ ကျော်ကို အသုံးပြုထားပြီး ၄၈ စတုရန်းမီတာ အကျယ်ရှိ အိမ်တစ်လုံး ၊ ရေတွင်းပုံစံ ၊ ကျောက်ကြိတ်စက်ပုံစံ နှင့် ခြံစည်းရိုးများကို တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။ ရွှေရောင်ခြံဝင်းလေးဟု အမည်ပေးထားပြီး တကယ်လူနေထိုင်ဖို့ထက် ပြောင်းဖူးများဖြင့် ဖန်တီးထားမှုအစွမ်းကို ပြသလိုသည့်အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါသည်။



သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...